*23*

887 131 124
                                    

(Unicode)

နောက်သုံးရက်လောက်ဂျီမင်းဆေးရုံမှာဆက်နေပြီးနောက် ဆရာဝန်ကြီး၏ဆေးရုံဆင်းခွင့် ခွင့်ပြုချက်ရပြီးသည်နှင့် ယွန်းဂီဂျီမင်းအားခေါ်ကာ ဆေးရုံမှဆင်းလာခဲ့သည်။ အချိန်အားဖြင့် နေ့လည်1နာရီခန့်။

ကားမောင်းသူဘက်ခြမ်းတွင်တော့ယွန်းဂီကမောင်းနေကာ ဘေးရှိခုံတွင်ဂျီမင်းထိုင်နေသည်။

ယွန်းဂီကားမောင်းနေရင်းပင် ဘေးရှိဂျီမင်းအားကြည့်လိုက်တော့ ပြတင်းပေါက်ဘက်သို့မျက်နှာမူထားသည့်သူ။

ဟိုနေ့ကအဖြစ်အပျက်ပြီးကတည်းကနေအခုချိန်ထိသူ့ကိုစကားမပြောပါသောဂျီမင်း။ ယွန်းဂီလည်းသက်ပြင်းတစ်ချက်ချလိုက်ကာ ကားကိုအာရုံစိုက်ကာမောင်းလိုက်သည်။

ကားရွေ့လျားရာလမ်းမထက်ရှိလေများကသူ့ဆံနွယ်စ တို့အားလွင့်စေလျက်၊ ပြတင်းပေါက်ဘက်သို့မျက်နှာမူထားသောသူ၏မျက်နှာထက်တွင်မျက်ရည်များက ဝေ့တက်လျက်ရှိပြီ။ သူအခုချိန်ထိမယုံနိုင်သေးပါ...ရင်သွေးလေးမရှိတော့ဘူး၊ဆုံးရှုံးသွားပြီဆိုသည့်အသိက။

တကယ်ဘဲအဲ့နေ့ကသူအိမ်ကနေထွက်မလာခဲ့ရင်ဒီလိုမျိူးဖြစ်ခဲ့မှာမဟုတ်ဘူး၊အရာအားလုံးကသူ့ကြောင့်သာ။ ရင်ထဲတွင်ခံစားရတာမချိမဆန့်မို့ ဒီရက်ပိုင်းအတွင်းသူယွန်းဂီကိုစကားမပြောမိပါချေ၊ပြောချင်စိတ်လည်းမပါတာဖြစ်မည်...။

အတွေးတွေနဲ့လွင့်မြောနေသည်ထင်...အိမ်ရောက်တော့သူ့ဘက်သို့ယွန်းဂီတံခါးလာဖွင့်ပေးတော့မှအိမ်ရောက်မှန်းသိရသည်။

"ဘေဘီ အိမ်ရောက်ပြီ"

သူရှိရာဘက်သို့ယွန်းဂီတံခါးဖွင့်ပေးတော့ဆင်းလိုက်ကာ အိမ်ထဲသို့ဝင်သွားသည်။ အိမ်ထဲဝင်ဝင်ချင်း ရင်သွေးလေးကိုလွယ်ထားရတုန်းကပုံရိပ်တွေက ရင်ထဲလှိုက်တက်လာသည်။

"ဟယ် အကိုလေးတို့ပြန်လာပြီဘဲ ပေးပေးအဒေါ်ကြီးကိုပစ္စည်းတွေ"

ကားအနောက်ခန်းမှပစ္စည်းတေွထုတ်နေသောယွန်းဂီထံသို့အိမ်တော်ထိန်းကသွားလိုက်ကာ ပစ္စည်းထုတ်တွေကူဆွဲလိုက်၏။

𝑫 𝑬 𝑺 𝑶 𝑳 𝑨 𝑻 𝑬  𝑺-2 ||𝒀𝑴|| ✔Where stories live. Discover now