(Unicode)
"အိပ်လိုက်ဦးနော် hyungအလုပ်လုပ်လိုက်ဦးမယ်"
ယွန်းဂီ ဂျီမင်းအားအခန်းထဲထိတွဲခေါ်ခဲ့ကာ ကုတင်ထက်တွင်နေရာချကာလှဲစေလိုက်ပြီးစောင်လေးကိုရင်ဘတ်နားအထိခြုံပေးလိုက်သည်။
"ဟုတ်ကဲ့ ဟျောင်း"
ယွန်းဂီလည်း ဂျီမင်းရဲ့နဖူးပြင်လေးရှိဆံနွယ်လေးများကိုလှန်တင်လိုက်ကာ တပ်မက်စွာအသာလေးနမ်းရှိုက်လိုက်သည်။ ပြီးနောက်သူအခန်းထဲကထွက်သွားမလို့ပြင်စဥ် ဂျီမင်းရဲ့ခေါ်သံလေးကြောင့်သူ့ခြေလှမ်းတို့ရပ်သွားရသည်။
"ဟျောင်း...အရာအားလုံးအတွက်ကျေးဇူးတင်ပါတယ်"
စောင်ပုံလေးကြားကနေသူ့ကိုလှမ်းကြည့်ကာပြောနေသော ဂျီမင်းကိုသူတစ်ချက်ပြုံးပြလိုက်ကာ
"ရပါတယ်" ဟုဆိုကာအခန်းတံခါးလေးကိုအသာအယာပိတ်လျက် ထွက်သွားလေသည်။
မနေ့ညကဘာလို့အိမ်ပြန်မလာခဲ့တာလဲ၊ဘယ်မှာရှိနေခဲ့တာလဲဆိုသည့်မေးခွန်းကိုတော့သူယွန်းဂီကိုမမေးဖြစ်ခဲ့တော့ပေ။
အချိန်တွေတစ်ရွေ့ရွေ့ကုန်ဆုံးလာခဲ့ပြီး ၃လဆိုသည့်အချိန်တစ်ခုကိုရောက်ရှိလာခဲ့သည်။
အချိန်က သူ့ဒဏ်ရာတွေကိုကုစားသွားပေမယ့် ရင်သွေးကိုဆုံးရှုံးထားရတဲ့ခံစားချက်က တစ်ခါတစ်လေကျရင် တစ်ချက်တစ်ချက်တော့ခံစားရသည်။"ဘေဘီ အားလုံးအဆင်သင့်ဖြစ်ပြီလား"
ဒီနေ့ညမှာ ယွန်းဂီက ဆော့ဂျင်ရဲအသစ်ဖွင့်သော company ရဲ့ ညစာစားပွဲကိုတက်ရမည်ဆိုသောကြောင့်သူပါလိုက်သွားရမည်ဖြစ်သည်။ အချိန်ကိုကြည့်လိုက်တော့ ညနေ၅နာရီခွဲနေလေပြီ။
ယွန်းဂီကအခန်းတံခါးကိုဆွဲဖွင့်ကာ ဝင်လာပြီးမေးလိုက်တော့ သူလည်း ဆံပင်ကိုဘီးနှင့်တစ်ချက်ဖီးလိုက်ကာ
"အဆင်သင့်ဖြစ်ပြီဟျောင်း သွားရအောင်လေ နောက်ကျနေရင်မကောင်းဘူး"
"အင်း ကိုယ်အောက်မှာကားအဆင်သင့်ပြင်ပြီးစောင့်နေလိုက်မယ် ပြီးရင်ဆင်းလာခဲ့လိုက်နော်"
YOU ARE READING
𝑫 𝑬 𝑺 𝑶 𝑳 𝑨 𝑻 𝑬 𝑺-2 ||𝒀𝑴|| ✔