*7*

1.2K 225 71
                                    

(Unicode)

"ယွန်းဂီ အခုလိုမျိုးအိမ်ပြင်ထွက်ရတော့စိတ်ထဲပေါ့ပါးသွားတယ်မလား"

လမ်းထိပ်က ပန်းခြံလေးထဲတွင် ယွန်းဂီတစ်ယောက်ဝှီးချဲပေါ်ထိုင်ရင်း သန့်ရှင်းသောလေများကိုတစ်ဝကြီးရှူရှိုက်မိသည်။

"ဒါပေါ့ ကျနော်ဆေးရုံကဆင်းလာကတည်းကအိမ်ထဲကအိမ်ပြင်မထွက်ရသေးဘူးလေ"

သူမက ယွန်းဂီဝှီးချဲအားကိုင်ထားကာစကားဆက်လေသည်။

"ကျမရောဘဲ အခုလိုမျိုးညနေခင်းမှာလမ်းလျှောက်ထွက်ပေးတာ၊ ဆည်းဆာကြည့်ပေးတာကလည်း ကျန်းမာရေးအတွက်ကောင်းခြင်းတစ်ခုဘဲလေ"

"ဒါပေါ့ ကျနော်အခုလိုမျိုးခံစားမှုမျိုးကိုမခံစားရတာကြာပြီ"

"ရှင်က၈လလောက်အကြာကြီးဆေးရုံမှာနေခဲ့ရတာဘဲ ဒါမျိုးခံစားချက်ကိုမခံစားရတာကြာပြီဆိုတာကျမလက်ခံပါတယ်"

ယွန်းဂီပြောသည်ကအဓိပ္ပါယ်တစ်မျိုး၊သူမထင်သွားသည်က အဓိပ္ပါယ်တစ်မျိုး။ ယွန်းဂီဘာမှမပြောတော့ဘဲတစ်ချက်သာသာပြုံးလိုက်ကာ ခေါင်းကိုအသာလေးခါမိလိုက်သည်။

"ဒါနဲ့လေ ရှင့်ခြေထောက်ကဘယ်လိုကနေဘယ်လိုဒဏ်ရာရသွားတာလဲ"

သူမမေးလိုက်တော့ရုတ်တရက်တည်တံ့သွားသောသူ၏မျက်နှာ။ ခုနကအပြုံးတို့ကပျောက်ကွယ်လျက်။

"အာ..မေ့လို့ရှင်ကအတိတ်မေ့နေတာဘဲဘယ်လိုမှတ်မိမှာလဲ ကျမကလည်းဘာတွေမေးနေမိမှန်းလည်းမသိပါဘူး"

သူမထင်နေသည်မှာသူကအတိတ်မေ့နေသည်ဟုပင်။
အချိန်အတိုင်းအတာတစ်ခုအထိသူမက မင်အိမ်တော်မှာရှိနေရမည့်သူဆိုတော့ ယွန်းဂီဖုံးကွယ်မထားချင်တော့ပေ။ အမှန်အတိုင်းပြောပြလိုက်တာဘဲကောင်းမည်။ သူ့ဆုံးဖြတ်ချက်မှန်လောက်မှာပါ...

"ကျနော်ပြောရင်ခင်ဗျားအံ့သြသွားမယ်ထင်တယ်"

ထိုအခါသူမကဝှီးချဲအနောက်မှရုတ်တရက်သူ့ရှေ့သို့ရောက်လာကာ ဒူးထောက်ထိုင်ချကာသူ့အားစိုက်ကြည့်နေမိသည်။

"ဘယ်လိုဘယ်လို"

"ဟုတ်တယ် ကျနော့်ခြေထောက်ကဘယ်လိုဒဏ်ရာရသွားလဲခင်ဗျားသိချင်နေတာမလား"

𝑫 𝑬 𝑺 𝑶 𝑳 𝑨 𝑻 𝑬  𝑺-2 ||𝒀𝑴|| ✔Where stories live. Discover now