နောက်နေ့မှာတော့ဖုန့်ရှန့်တို့  တောင်အောက်ဆင်းလာကြတယ် ကလေးသုံးကောင်ကတော့ မပျော်ကြီးပျော်နေကြတာပေါ့ ကလေးသုံးကောင်ကြောင့် သူလည်းပျော်မိပါတယ် ဒါပေမယ့် မပျော်သူကတော့ ရန်ချိုးပင်
တောင်အောက်ရောက်တော့ ဈေးတစ်ခုထဲဝင်ကာ
လိုအပ်မယ့်ပစ္စည်းအစားအသောက်တွေကိုဝယ်ခြမ်းလိုက်တယ်ပီးနောက် ဓားပျံစီးကာ သူတို့အားလုံး
ခရီးဆက်ကြတယ် သုံးရက်သုံးညခရီးဆက်ပီးမှ
မရဏဂူရှိတဲ့ တောစပ်ကိုရောက်တယ် သူတို့ခနအနားယူကြတယ် သူရယ် ရန်ချိုးဖို့  မပြောပလောက်ပေမယ့် ကလေးတွေအတွက်ကတော့ လွယ်ကူမနေပေ
"ဝေ့အာ ပင်ပန်းနေပီလား ရေသောက်လိုက်အုံး"
ကျိုးရှီပြောရင်း လှမ်းပေးလာသော ရေဘူး ဝေ့အာပြုံးလိုက်တယ် ပီးတော့ ရေဘူးကိုလက်လှမ်းလိုက်ပေမယ့်
"မင်း ဘာလုပ်တာလဲ "
"ရေသောက်တာလေ " ကျိုးရှီအမေးကို ကျိလုံကပြန်ဖြေလိုက်တယ် ပီးတော့
"ဝေ့အာ မင်းရေသောက်ချင်ရင် ငါ့ဟာကိုသောက် "
ပြောရင်း ကမ်းလာသောရေဘူး ဒီတစ်ခါတော့ ဝေ့အာလည်း လက်မနေဘဲယူသောက်လိုက်တယ်
ဒီအကိုနှစ်ယောက်က အချင်းချင်းစိတ်ဆိုးစိတ်ကောက်နေတဲ့  လင်မယား အယ်လေ လင်လင်တွေလိုပဲ ဝေ့အာ သူအတွေးနဲ့အတူ အစ်ကိုနှစ်ယောက်ကိုပေးစားနေလေတယ်
ကျိလုံ ကျိုးရှီဆိုတဲ့ သူ့ဆရာတူအကိုကို ကြည့်မရ စတွေ့တည်းက ဝေ့အာကို ပဲဦးစားပေးတယ် ဒါကိုသူ သဘောမကျပေ ဒါကြောင့် ကျိုးရှီ လုပ်သမျှနောက်က လိုက် ရှုပ်နေခြင်းဖြစ်တယ်
(သဝန်တိုနေတာများ *~*)
ဖုန်းရှန့်  ရန်ချိုးကိုကြည့်လိုက်တော့ သူ့ကိုပြုံးပြလာတယ် သူသိတယ် လာတဲ့လမ်းတစ်လျောက်လုံး ရန်ချိုး တမှိုင်မှိုင်တတွေတွေဖြစ်နေတယ်ဆိုတာ
တကယ်ပဲဘာတွေဖြစ်နေတာလဲ ကောရယ်
[host မင်လုံ အစည်းအဝေး သွားတက်လိုက်အုံးမယ် hostဆသချာနားထောင်ပါ လူတိုင်းကို မယုံပါနဲ့  hostချစ်သူဆိုတာကိုရောပေါ့
တကယ်လို့  ဒီကမ္ဘာမှာပါ missionကျရှုံးရင် ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှပြောနိုင်မှာမဟုတ်ဘူး]
ВЫ ЧИТАЕТЕ
SYSTEM 199 (completed)
Любовные романыအနေအေးပီး ပြည့်စုံချမ်းသာတဲ့ ချန်မင်ရီတစ်ယောက် မတော်တဆဖြစ်ပီး Systemနဲ့ ချိတ်သွားမိသွားရာ ဘာတွေဆက်ဖြစ်မလဲ
