မင်ရီ ဆေးရုံကုတင်ထက်နိုးထလာခဲ့တယ် မိဘတွေဆွေမျိုးတွေအားလုံး သူနိုးလာတာကို ဝမ်းသာနေကြတယ် ဒါပေမယ့် သူကတော့မပျော်နိုင် systemမှာသင်ယူခဲ့သမျှပညာရပ်တွေကိုအသုံးချကာ အရာရာကိုထိပ်ဆုံးရောက်အောင် လုပ်ဆောင်ခဲ့တယ် တစ်နေ့တစ်နေ့ အလွမ်းတွေတိုးလာတာက နှိပ်စက်လေတယ်
မိုးကောင်းကင်ပေါ်မော့ကြည့်ရင်း
"ခင်ဗျားကြီး ကျွန်တော့်လွမ်းလိုက်တာ သူများပြောကြတဲ့အချိန်က အလွမ်းဆိုတာ ကျွန်တော့အတွက်ဟာသတစ်ခုလိုပဲ ခုတော့ သူတို့အပြောက လိုတောင်လိုနေသေးတယ်ဆိုတာ နားလည်လိုက်တယ်"ညတိုင်းလွမ်းလို့ မျက်ရည်ကျမိတယ် ဒီလိုနဲ့ညနက်ခဲ့တာတွေဟာ နှစ်လရက်တွေကြာခဲ့တယ် သူ့ ကို ရေလာမြောင်းဖောက်သူတွေများသလောက် သူကတော့ ရှန်ဟွားဆိုတဲ့  တစ်ခါမှ ထိုလူရဲ့ အစစ်အမှန် မျက်နှာ အသံ တွေတောင် မမြင်ဖူးမကြားဖူးပဲ ချစ်နေခဲ့တယ် ဆိုတာ သူသာသိနိုင်ပေတယ်
သူ့ရင်ထဲကအလွမ်းတွေဘယ်အချိန်များ ပြေပျောက်မှာလည်း သူမသိ တစ်နေ့တစ်နေ့ ချစ်ရသူနဲ့ နီးဖို့ သေဖို့ထိုင်စောင့်နေတယ်ပြောရင် လူတွေက အရူးလို့ ထင်မှာပေါ့
နေလရက်တွေပြောင်းလဲကာ သူ့အလွမ်းတွေဟာလည်းအဆုံးသတ်သွားခဲ့လေတယ်
နှစ်ပေါင်းတစ်ထောင်ကြာပီးနောက် လနတ်သမီးနဲ့  ရေနတ်နဂါးဘုရင်တို့မှ သားတော်တစ်ပါးမွေးဖွားလာတယ် ထိုကလေးဟာ တမူထူးစွာ အပြစ်ပေးဆောင်ကိုသွားလေ့ရှိတယ် ထိုအဆောင်ဟာ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်က နတ်ဘုရားတစ်ပါးကို ကျောက်ရုပ်အဖြစ်နေထိုင်ဖို့  ပြစ်ဒဏ်ပေးသောနေရာဖြစ်တယ်
ကျောက်စားပွဲလေးပေါ် လက်ထောက်လျက် လက်ပေါ်ခေါင်းမှီကာ မျက်လုံးမှိတ်လျက် ကျောက်ဖြစ်နေသော နတ်ဘုရား
"ကောကော က အရမ်းချောတာပဲ မင်ရီ ကြီးလာရင် ကောကောကို လက်ထပ်မယ် "
ထိုကလေးက ကျောက်ဖြစ်နေသော နတ်ဘုရားပေါင်ပေါ်တက်ထိုင်ကာ ပိုင်စိုးပိုင်နက်ပြောနေသော
လနတ်သမီးနဲ့ ရေနတ်နဂါးဘုရင်ရဲ့ သား လွိမင်ရီ ပင်
YOU ARE READING
SYSTEM 199 (completed)
Romanceအနေအေးပီး ပြည့်စုံချမ်းသာတဲ့ ချန်မင်ရီတစ်ယောက် မတော်တဆဖြစ်ပီး Systemနဲ့ ချိတ်သွားမိသွားရာ ဘာတွေဆက်ဖြစ်မလဲ