Haas သူ့လက်ထောက်ဖြစ်သူ Jack ကိုခေါ်ကာ စခန်းကထွက်လာခဲ့တယ် စခန်းက လူတွေကို ကိုကို အားသေချာစောင့်ကြည့်ခိုင်းဖို့လဲမမေ့ပေ
"ခေါင်းဆောင် ဘာလို့  မပြောလိုက်တာလည်း "
Jack Haasကိုနားမလည်စွာမေးလိုက်တယ် Haas က အေးစက်စက်မျက်နှာထားဖြင့် " ကိုကို လိုလူမျိုးက ငါ့လို လူဆိုးတစ်ယောက်က သူတစ်ချိန်က သိခဲ့တဲ့ ကလေးတစ်ယောက်ဆိုတာ ယုံမယ်ထင်လား "Haas အပြောကြောင့် jackခေါင်းသာငြိမ့်ကာ ကုမ္ပဏီကိုထွက်လာခဲ့လိုက်တယ် Haas အရင်ကအကြောင်းစဉ်းစားရင်း ပြုံးမိတယ် ထိုအချိန်တွေ သူပြန်မရနိုင်တော့အောင် လောကကြီးကသိပ်ရက်စက်တယ်လေ
Henry ကုတင်ပေါ်မှာတောင့်တောင့်ကြီးဖြစ်နေရာမှ အသိဝင်လာတယ် တစ်ကိုယ်လုံးနာကျင်နေတယ် ဒါပေမယ့် အားတင်းထလိုက်ကာ ရေချိုးသန့်စင်းလိုက်ပီး အခန်း ပြင်ထွက်ကြည့်လိုက်တယ်
"doctor အတွက်မနက်စာပြင်ထားပါတယ် Dr. Austin လည်းစောင့်နေပါတယ် "ထမင်းစားခန်းမှာတော့ MWရဲ့  လက်အောက်ငယ်သားတွေနဲ့ ပြည့်နှက်နေလေတယ် Austin လက်ပြပီး ခေါ်တာကြောင့် Henry ထိုစားပွဲကိုသွားလိုက်တယ် ထို့နောက်မှာတော့ သူ့ကိုစောင့်ကြည့်ဖို့ထားထားတဲ့ လူက ထမင်းကန်ပန်းလာချပေးလေတယ် Henry ဇွန်ကောက်ကိုင်ကာ စစားလိုက်တယ် သူအတော်လည်းဗိုက်ဆာနေတာကြောင့်ပင်
ထမင်း ကိုသာငုံ့ စားနေသောသူငယ်ချင်းဖြစ်သူကြောင့် Austin စိုးရိမ်လာတယ် ထမင်းစားခန်းစဝင်လာကတည်းက ခြေသိပ်ခိုင်ပုံမရတဲ့အပြင် အခုကြည့်မိတော့မှ လည်ပင်မှာ ကိုက်ရာတွေပါ ရှိနေတာကြောင့် ဘာဖြစ်ခဲ့မှန်း နားလည်လိုက်တယ်Austin မျက်ရည်ပါကျလာတော့တယ် သူကြောင့်သာမဟုတ်ရင် ဒီလိုဖြစ်လာစရာအကြောင်းမရှိဘူးလေ
"တောင်းပန်ပါတယ် Henry ငါ့ ငါ့ကြောင်း မင်း ရွှတ် ရွှတ် ""မဟုတ်တာ မင်းအပြစ်မဟုတ်ပါဘူး ငါကသာ ငါကသာ ပျော့ညံ့နေလို့  "
သူတို့ငိုနေတာ ဘေးလူတွေသိပေမယ့် သူတို့အလုပ်မဟုတ်တာကြောင့် ဂရုမစိုက်ကြပေ
တစ်ဖက်မှာတော့ "ဒီတစ်ခါလည်း ညီလေးHaasပဲလား ကိုယ်တို့ကခေါင်းဆောင်နဲ့ တွေ့ ချင်တာပါဆို "
![](https://img.wattpad.com/cover/243052737-288-k449469.jpg)
YOU ARE READING
SYSTEM 199 (completed)
Romanceအနေအေးပီး ပြည့်စုံချမ်းသာတဲ့ ချန်မင်ရီတစ်ယောက် မတော်တဆဖြစ်ပီး Systemနဲ့ ချိတ်သွားမိသွားရာ ဘာတွေဆက်ဖြစ်မလဲ