နောက်နေ့မှာတော့ ချန်နိုင်ငံရဲ့ သံတမန်တွေဟာ တန်နန်းတော်ကိုရောက်လာခဲ့တယ်
" တန်မင်းကြီးကို ဂါရဝပြုပါတယ် "
နူတ်ဆက်လာသော ချန်မင်းသားကိုကြည့်လိုက်တော့ ဟန်ဝူဟဲ့  ဖြစ်နေတာကြောင့် အံ့သြသင့်သွားပေမယ့်
မျက်နှာမှာတော့ တည်နေဆဲပင်" ထိုင်ပါ " လီဝမ် တစ်ယောက် နေရာမှာထိုင်လိုက်ပီး " ကျွန်တော်မျိုးတို့ တန်နိုင်ငံနဲ့  ချစ်ကြည်ရေးကမ်းလှမ်းဖို့လာတာပါ အရှင် အပြန်အလှန်အနေနဲ့  ချန်နိုင်ငံနဲ့ ကုန်သွယ်ခွင့် ရမှာပါ "
မို့ရန် ချန်နိုင်ငံနဲ့  ကုန်သွယ်ခွင့် ရချင်ပါတယ် သို့သော် " ငါကိုယ်တော် သိခွင့်ရမလား ဟန်ဝူဟဲ့  ဘယ်လိုလုပ် ချန်မင်းသားတစ်ယောက်ဖြစ်လာတယ်ဆိုတာ "ဟန်ဝူဟဲ့ အနည်းငယ်တွေဝေသွားကာ " ဟင်း ကောင်းပါပီ အရှင် " တင်းမာနေသောမျက်နှာထားဖြင့် ဟန်ဝူဟဲ့က " အဖေဆုံးတော့ ဆွေးစဉ်မျိုးဆက် အသတ်ခံရမဲ့အရေးကြောင့် သေမတက်ထွက်ပြေးခဲ့ရတယ် အရှင့်ကျေးဇူးကြောင့် ကျွန်တော်မျိုးတို့မောင်နှမတွေ တစ်ကွဲတပြားဖြစ်ခဲ့ရပီ ရှဲ့ အာ သေလားရှင်လား မသိရသေးဘူး အရှင်က သိပ်ရက်စက်တာပဲ အဖေ အရှင့်ပေါ် အမြဲတမ်း ယုံကြည် အားပေးခဲ့တာ ထွက်ပြေးရင်း မိခင်ရဲ့  မွေးရပ်ကိုရောက်ပီး ကယ်တင်ခြင်းခံရတယ် မိခင်ရဲ့  မောင် ဦးရီးတော်နဲ့ တွေ့ပီး ခုလိုဖြစ်လာတာ ရှင်းရှင်းပြောရရင် ကျွန်တော်မျိုးတို့ ဒီကိုလာတာ လူရှာဖို့ပါ "
ဟန်ဝူဟဲ့ အပြောကြောင့် မို့ရန် မျက်ခုံးများတွန့်ကျေကာ စင်းစားခန်းဖွင့်ရလေတော့တယ်
နောက်နေ့မှာတော့ ချန်နိုင်ငံနဲ့ ချစ်ကြည်ရေးယူကာ ကုန်သွယ်ခွင့်ရလေတယ်
မြေအောက်နန်းတော်မှာတော့
" ချန်နိုင်ငံသံတမန်တွေရောက်နေတယ်တဲ့ "
"နင် ဘယ်လိုသိခဲ့တာလည်း ""ဟဲ ဟဲ ဒါက အရှင်နဲ့  ခေါင်းဆောင်ပြောနေတာကြားခဲ့တာ "
ဝူရှဲ့  ခေါင်းတငြိမ့်ငြိမ့်ဖြင့်နားထောင်လေတယ် ထိုအချိန်
" နံပတ်နှစ်ရာ ငါ့နောက်လိုက်ခဲ့ " ဂင်လာခေါ်တာကြောင့် ဝူရှဲ့  လိုက်သွားလိုက်တယ် သွားနေရင်း
" ငါ စုံစမ်းစရာရှိလို့  အရှင့်နား မင်းကိုထားခဲ့မယ် သေချာ စောင့်ရှောက်ပေးပါ ရှဲ့  "
![](https://img.wattpad.com/cover/243052737-288-k449469.jpg)
YOU ARE READING
SYSTEM 199 (completed)
Romanceအနေအေးပီး ပြည့်စုံချမ်းသာတဲ့ ချန်မင်ရီတစ်ယောက် မတော်တဆဖြစ်ပီး Systemနဲ့ ချိတ်သွားမိသွားရာ ဘာတွေဆက်ဖြစ်မလဲ