ထျန်းကျန်း စာမသင်ချင်တာကြောင့် ခုံပေါ်မှောက်အိပ်နေလိုက်တယ် ဆရာကတွေ့ ပေမယ့် ထျန်းကျန်းဆိုတာ စာတော်ပီး လိမ္မာတဲ့ ကလေးဖြစ်တာကြောင့် ဘာမှမပြောချေ ထို့နောက်အိမ်ပြန်ရောက်တော့
"မြေးလေး ပြန်လာပီလား ဘွား မြေးကြိုက်တဲ့  ပူတင်းလေးလုပ်ထားတယ် ရေချိုး ပီး လာစားကွယ် "
"ဟုတ် ဖွား ကျန်းကျန်း ရေချိုးလိုက်အုံးမယ် မွ "
အဘွားဖြစ်သူရဲ့ ပါးကို နမ်းလိုက်ကာ ကျန်းကျန်း အခန်းထဲဝင်လိုက်တယ်
ကျန်းကျန်း ရေချိုးပီး အဘွားလုပ်ထားပေးတဲ့ ပူတင်းကိုစားလိုက်တယ် အရသာအတော်ကောင်းတာကြောင့်
သူတော်တော်စားမိသွားတယ် အဘွားကတော့ သဘောကျတာပေါ့
ရုတ်တရက် ဝမ်းနည်းစိတ်ဝင်လာက မျက်ရည်ဝဲလာပီး
"ဖွား မေမေ ရောဟင် "
ကျန်းကျန်းအမေးကို ကြားတော့ အဖွားက သက်ပြင်းချကာ "မြေးရယ် မြေးမေမေက အလုပ်သိပ်များတာရယ်
အလုပ်အားရင် လာတွေ့ မှာပါ " ပြောရင်း ခေါင်းလေးကို ဖွဖွလေးပွတ်ပေးလေတယ်
ကျန်းကျန်း ပူတင်းစားပီးတော့ အခန်းထဲဝင်လိုက်တယ်
သူက မချမ်းသာပေမယ့် မေမေရှာတာက လုံလောက်တာကြောင့် ဘာမှလုပ်စရာမလိုပေ ကျန်းကျန်း ပျင်းတာကြောင့် လိုင်းဖွင့်ကာ လျောက်ကြည့်လိုက်တယ်
ထို့အချိန် တောင် ဆိုတဲ့အသံနဲ့ အတူ notiတစ်ခုတက်လာတယ် ထိုအရာက friend လာအပ်တဲ့အကောင့်တစ်ခု သူ ဂရုမစိုက်ပဲ လျစ်လျူရှုလိုက်တယ်
ပီးတော့ မီးပိတ်ကာ အိပ်ရာဝင်လိုက်တော့တယ်
တစ်ဖက်လူကတော့ အချေခံလိုက်ရတာကို သဘောကျလို့နေလေတယ်
မနက်မိုးတောက် နေအလင်းရောင် ဖင်ထိုးနေချိန် အပျင်းတစ်နေသော hostကိုကြည့်ကာ မင်လုံ ဆောင့်ကန်ပစ်ချင်မိတယ်
[hostရေ ထဖို့သင့်ပီနော် ကျောင်းသွားရအုံးမယ်လေ ]
အင်း အွန်း ငါးမိနစ်
[host ငါးမိနစ် ငါးမိနစ်နဲ့  အဲ့ တာက ကုန်အုံးမှာလား တကယ်ပဲ host ဒီနေ့  ဇာတ်လိုက်မ ကျောင်းလာမှာနော် ]
VOUS LISEZ
SYSTEM 199 (completed)
Roman d'amourအနေအေးပီး ပြည့်စုံချမ်းသာတဲ့ ချန်မင်ရီတစ်ယောက် မတော်တဆဖြစ်ပီး Systemနဲ့ ချိတ်သွားမိသွားရာ ဘာတွေဆက်ဖြစ်မလဲ
