အန်တိုနဲ့ ရှားလော့ ဗင်းနစ်မြို့ ကိုရောက်လာခဲ့ပီ
ပွဲတော်နေ့မို့ လူတွေစည်ကား နေကြတယ်
ဈေးတစ်လျောက်လဲ မုန့် မျိုးစုံ အရုပ်မျိုးစုံရောင်းချနေကြတာပေါ့ အန်တိုကတော့ လမ်းတစ်လျောက်လုံးတွေ့ သမျှမုန့်တွေစားတယ် ရှားလော့က်ုဆွဲကာ ဟိုဘက်သွားလိုက် ဒီဘက်သွားလိုက်နဲ့  ရှားလော့ကတော့
သူ့ကလေးကိုပြုံးပြုံးလေးနဲ့ ပဲ လက်ညိုးထိုးရင်
ကလေးသဘောဖြစ်စေရမယ်ဆိုတဲ့  suger daddy
ကြီး လုပ်နေလေတယ်
အန်တိုလျောက်ကြည့်နေရင်း ဆိုင်တစ်ခုအရှေ့ မှာ ရပ်လိုက်တယ် သူဆိုင်ကတော့ လက်ဝတ်လက်စားတစ်ချို့ ရောင်းတဲ့ ဆိုင်လေးပါ ထိုဆိုင်ပိုင်ရှင်က အဘိုးအိုကြီးတစ်ယောက်ပေါ့ အန်တိုသနားတာကြောင့် တစ်ခုခုဝယ်ဖို့ ဆုံးဖြတ်လိုက်တယ် သို့ ပေမယ့် သူဘာယူရမှန်းမသိဖြစ်နေချိန်
" ဒီက သခင်လေး ရွေးရခက်နေတယ်ထင်ပါ့ အဘိုးပြမယ် "
ဆွဲကြိုးတစ်ကုံးယူပြတယ် ကြယ်နှစ်ဆင့်ပုံစံလေးနဲ့ ရိုးရိုးလေး သိပ်လှတယ်
ရှားလော့ သူ့ ကလေးရဲ့  ဆွဲကြိုးကိုကြည့်နေတဲ့  မျက်လုံးတောက်တောက်တွေကြောင့်ပြုံးကာ
" အဘိုး ဘယ်လောက်လဲ "
"တကယ်တော့ အဘိုးလဲတန်ဖိုးမဖြတ်တတ်ဘူး
ဒီပစ္စည်းလေးက အဘိုး ရဲ့ အဘိုးလက်ထက်ကတည်းကရှိခဲ့တာ ဘယ်သူနဲ့ တန်လဲ ဆိုတာ ဆွဲကြိုးက သူအလိုလိုတန်ပြန်တတ်တယ် ဒီက လူလေးရောက်လာတော့ ဆွဲကြိုါ်ကအရောက်လက်သွားလို့  လူလေးတို့ ကိုရောင်းဖို့ ဆုံးဖြတ်လိုက်တာ ဒါကြောင့် လူလေးတို့ ကိုယ်တိုင် ဈေးဖြတ်ပေးခဲ့ပါကွယ် "
အန်တိုကတော့ ခေါင်းတစ်ငြိမ့်ငြိမ့်လုပ်နေလေတယ်
ရှားလော့ကတော့ သူဆီပါလာတဲ့ ငွေတစ်အိတ်ကို ထုပ်ကာပေးလိုက်တယ်
ပုကြုဆွဲကြိုးပုံ ဖော်တာ မပီပြင်လို့ ပုံထည့်ထားပေးပါတယ်

ရှားလော့တို့  ဆွဲကြိုးယူကာ ဒီပွဲရဲ့ လူအစည်ကားဆုံးနေရာကိုထွက်လာခဲ့တယ် ရှားလော့က အန်တိုလက်ကို ဆွဲကာ ပေါ့ ရှားလော့နဲ့ အန်တို မီးပုံးတစ်ခုဝယ်လိုက်တယ် လူတွေအယူအဆအရ ဒီလိုပွဲမှာ ချစ်သူတွေ မီးပုံးတစ်ခုတည်းအတူလွတ်ရင် ဘဝတိုင်းပေါင်းဖက်ရတယ်ဆိုတယ်တဲ့  မီးပုံးလွတ်တင်ပီး ရှားလော့က အန်တိုကို ခနက ဝယ်ဲ့တဲ့  ဆွဲကြိုးကိုဝတ်ဆင်ပေးတယ်
ပီးတော့ နဖူးနမ်းကာ " မပျောက်စေနဲ့  သေချာသိမ်းထား"
YOU ARE READING
SYSTEM 199 (completed)
Romanceအနေအေးပီး ပြည့်စုံချမ်းသာတဲ့ ချန်မင်ရီတစ်ယောက် မတော်တဆဖြစ်ပီး Systemနဲ့ ချိတ်သွားမိသွားရာ ဘာတွေဆက်ဖြစ်မလဲ
