လီယို မီးစုန်းရှိရာကို လာခဲ့လိုက်တယ်
ထို့နောက် မီးစုန်း သွားမဲ့လမ်းကိုပိတ်ကာရပ်နေလိုက်တယ်
ပေါရှတို့  ကဝေတောင်ကိုတက်လာရင်း လမ်းမှာပိတ်ရပ်နေတဲ့လူကြောင့်
" ဟေ့ လူလမ်းဖယ်ပေးပါလား အလျင်လိုနေလို့ပါ"
"မင်းတိုါထဲမှာ မီးစုန်းက ဘယ်သူလဲ "
"ငါပဲ ကျွန်တော်တို ဘာရန်ညိုး ရန်စမှမရှိဘူးထင်ပါတယ်
ဘာကြောင့်များလမ်းပိတ်ရပါသလဲ"
"အို့  ဟုတ်ပါတယ် ကျွန်တော်တို့ အရှင်က ဒီက မီးစုန်းကို အခေါ်ရှိတာကြောင့် လာရောက်ခေါ်ဆောင်ခြင်းဖြစ်ပါတယ်"
"အရှင်ဆိုတာက"
ပေါရှအမေးကြောင့် လီယိုက
" နောက်သိလာမှာပါ အခုအရေးကြီးတာကြောင့် ကျေးဇူးပြုပီးလိုက်လာပေးပါ မဟုတ်ရင်လဲ အတင်းအကျပ်ခေါ်ဆောင်သွားရပါမယ် "
"ဒီက မိတ်ဆွေ ကျွန်တော်တို့  လိုက်ခဲ့ပါ့မယ် ဒါပေမယ့်
ကျွန်တော်တို့ လဲ အရေးကြီးကိစ္စကြောင့် လာခဲ့တာမို့  အလျင်လိုနေပါတယ် "
"ဒါဆိုကြွပါ "
လီယို မှော်အစီအစဉ်တစ်ခုကိုမြေပေါ်ရေးဆွဲကာ
ပေါရှတို့ ကို ဝင်စေတယ် ထို့နောက် သူတို့ လဲထိုနေရာမှပျောက်ကွယ်ကာ ရှားလော့ရှိရာကိုရောက်လာခဲါကြလေတယ်
ရှားလော့ လီယို ထွက်သွားပီး အခြေအနေပိုဆိုးလာတဲ့  အန်တိုကြောင့် ဘာလုပ်ရမှန်းမသိဖြစ်လာတယ် ထို့နောက်ပိုကြောက်ရွံ့ လာတယ် တန်ဖိုးကြီး အရာတစ်ခုဆုံးရှုံးရတော့မလို ခံစားရတယ် ဘာကြောင့်လဲ ဆိုတာသူတကယ်မသိ ဒါပေမယ့် သူဒီခံစားချက်ကြီးကို သိနေတယ်
ပိုဆိုးလာသောအန်တိုကြောင့် မီးကိုပိုပြင်းအောင်ထည့်လိုက်တယ် ပီးတော့ တင်းကျပ်စွာဖက်ထားလိုက်တယ်
သိပ်မကြာလိုက်ပါဘူး လီယိုတို့ ရောက်လာခဲ့တယ်
" အရှင် ရောက်လာပါပီ "
လီယိုအပြောကြောင့် ရှားလော့ တစ်ယောက်ချင်းစီလိုက်ကြည့်ပီး ဘေးဆုံးကတစ်ယောက်ကို သေချာကြည့်လိုက်ကာ
"ရှားလန် "
"အရှင် လူမှားနေပါပီ ကျွန်မနာမည်ကနီးလန်ပါ ရှားလန်မဟုတ်ပါဘူး "
ВЫ ЧИТАЕТЕ
SYSTEM 199 (completed)
Любовные романыအနေအေးပီး ပြည့်စုံချမ်းသာတဲ့ ချန်မင်ရီတစ်ယောက် မတော်တဆဖြစ်ပီး Systemနဲ့ ချိတ်သွားမိသွားရာ ဘာတွေဆက်ဖြစ်မလဲ
