မြင့်မားမတ်စောက်ပီးလူုသူမရောက်နိုင်တဲ့ တောင်ထိပ်ပေါ်က ကြီးကျယ်ခမ်းနားလှတဲ့  အဆောက်အဦးကြီး
ထိုအဆောက်အဦးထဲ က ပုလင်ပေါ်ရပ်နေတဲ့ လူတစ်ယောက် ထိုသူကိုခေါင်းညွတ်ကာ ဂါရဝပြုနေသောလူတစ်ယောက် ထိုသူက ဟွာရင်းရင်းပင်ဖြစ်တယ်
" မီးနတ် အရှင်ကို ကျွန်တော်မျိုး ဂါရဝပြုပါတယ် "
ဟုတ်ပါတယ် ပုလင်ပေါ်က လူဟာ မီးနတ်ဘုရားပင်
" ရင်းရင်း အခြေအနေ ဘယ်လိုရှိလဲ အားလုံးအဆင်ပြေရဲ့ လား "
"ဟုတ်ကဲ့အရှင် အခြေအနေက ပုံမှန်ပါပဲ အဲ့လူ ပြန်ပေါ်မလာသေးပါဘူး "
ထိုအချိန် နန်းဆောင်ထဲဝင်လာတဲ့ အမျိုးသမီး နှစ်ဦးနဲ့  အမျိုးသား နှစ်ဦး
"အစ်ကိုတော်ကို ဂါရဝပြုပါတယ် "
"ယွမ့်အာ လော့အာ ထျန်းအာ လင်းအာ နင်တို့ရောက်လာပီပေါ့"
ထိုအခါ ထိုလေးဦးမှ " ဟုတ် အစ်ကိုပင်း ကျွန်တော်တို့ကိုခေါ်တာ ဘာအကြောင်းများရှိလို့ပါလဲ "
လို့ ရှန် ထျန်းက မေးလေတယ်
ထိုအခါ ရှန်ပင်းက သက်ပြင်းချကာ
" မင်းတို့သိတဲ့အတိုင်း မိတ်ဆာဘုရင်က သက်တော်ကုန်ဆုံးဖို့အချိန်ရောက်နေပီ ဒါကိုသူက လက်မခံဘူး မင်းတို့ နားလည် တယ်မလား "
" ယုတ်မာလိုက်တာ သူကိုယ်တိုင်မလိုချင်လို့  ဟွားအာကို လာပစ်ထားခဲ့ပီး အခုမှ အသုံးချချင်နေတာ ကျစ် ဒီအတိုင်းတော့ ညီတော်ကို ပစ်မထားနိုင်ဘူး ပင်းကောမှာ အကြံရှိလား "
ရှန်လော့ အမေးကို ရှန်ပင်း ခေါင်းခါကာ ဖြေလိုက်တယ်
" ဒီလိုလုပ်ကြတာပေါ့ ရင်းရင်းက ချန်မင်ရီကို စောင့်ကြည်ပေးပါ သူက ဟွားဟွားရဲ့  အားနည်းချက်ဖြစ်တာမို့ တစ်ခုခုဆို ချက်ချင်းအကြောင်းကြားပါ "
ရေနတ်ဘုရားမ လေး ရှန်ယွမ့် အမိန့်ကြောင် ရင်းရင်း
" ဟုတ် အမိန့်နာခံလျက်ပါ "
ရင်းရင်းထွက်သွားမည်အပြု " ခနလေး ဒါလေး သူ့ကိုပေးလိုက်ပါ တစ်စုံတစ်ခုဆို အကူအညီရမှာပါ "
ESTÁS LEYENDO
SYSTEM 199 (completed)
Romanceအနေအေးပီး ပြည့်စုံချမ်းသာတဲ့ ချန်မင်ရီတစ်ယောက် မတော်တဆဖြစ်ပီး Systemနဲ့ ချိတ်သွားမိသွားရာ ဘာတွေဆက်ဖြစ်မလဲ
