ထျန်းကျန်း စားစရာများကို စားသာစားနေရတယ် ဘာအရသာမှန်းတောင်မသိလိုက်သလိုပဲ ဘာလို့ဆို သူ့ကိုစိုက်ကြည့်နေတဲ့လူကြောင့်ပေါ့ စားလို့ပီတော့ လုဟွာတို့ရှိရာသွားကာ လိုအပ်တာတွေဝယ်ခြမ်းကျတယ်
ဈေးဝယ်စန်းတာထဲဝင်လိုက်တာနဲ့  လူတွေရဲ့ အားရုံဟာ သူတို့ဆီမှာတာ ဟုတ်တာပေါ့ သူတို့ကတော့ ဂရုစိုက်မနေပါ လိုချင်တာဝယ်ပီး ကားပေါ်တက်ကာ
တစ်ရက်တာ ခရီးတိုထွက်ကြလေတယ်
ရှန်မင် ထျန်းကျန်း ဟန်သွမ့် နဲ့  ဟန်မင်က ကားတစ်စီး မင်ဖန် လေ့ယွင် ရှလင်နဲ့  လုဟွာက တစ်စီး
ထျန်းကျန်း နဲ့ ရှန်မင်က နောက်ခုံးမှာထိုင်ပီး ဟန်သွမ့်က ကားမောင်းတယ် ထျန်းကျန်း အစာစားလာတာကြောင့် ဗိုက်တင်းကာ အိပ်ငိုက်လာတယ်
ရှန်မင် ကားစထွက်ထဲက Laptopတစ်လုံးနဲ့ တောက်လျောက်အလုပ်ရှုပ်နေရလေတယ် သူ့ baby လေး အိပ်ငိုက်နေတာ သိပေမယ့် သူ့  babyနား ကပ်နေဖို့ ဒီအမှိုက်တွေကိုအရင်ရှင်းမယ်
ဟန်သွမ့် ကားမောင်းရင်း " လက်စမသတ်ရသေးဘူးလား "
"အင်း ဟုတ်တယ် ဒီရက်ပိုင်း အလုပ်တွေပစ်ထားမိတော့ လက်စသတ်ဖို့တွေလိုနေသေးတယ် "
ဟန်သွမ့် ရှန်မင်ကိုလေးစားမိတယ် ငယ်တယ်ဆိုပီး ဘယ်အရာမှကိုပေါ့ပေါ့တန်တန်မလုပ်ဘူး ဖခင်ကိုယ်တိုင်ကစည်းကမ်းကြီးတာကြောင့် ရှန်မင် ကို အခုလိုပုံစံဖြစ်သွားစေတယ် ရှန်မင် ဆယ့် နှစ်နှစ်အရွယ်ထဲက သိပ်မရီတော့တာ ထျန်းကျန်းနဲ့မတွေ့ ခင်အထိပဲ ခုလည်း ထျန်းကျန်းအတွက်အချိန်ပေးနိုင်အောင် အလုပ်တွေကိုပြုံလုပ်နေတယ်
ထိုအချိန် ဟန်မင်က " အကိုဟဲ့က အရမ်းတော်တာပဲ
အလုပ်လုပ်ရင်းကျောင်းတက်တာ ဒါတောင် အမှတ်ကျမသွားဘူးနော် "
ဟန်မင်အပြောကြောင့် ရှန်မင် ပြုံးရုံသာပြုံးလိုက်တယ်
ထျန်းကျန်းတစ်ယောက်ကတော့ အိပ်ငိုက်နေတာ ဘာမှမသိပေ ရှန်မင် အလုပ်လုပ်နေတုံး ပုခုံးပေါ်ရောက်လာတဲ့ ခေါင်းတစ်ခု သေချာတာပေါ့ ထျန်းကျန်းပင် ရှန်မင် ထျန်းကျန်းအနေမခက်အောင် နေရာပြင်ထိုင်လိုက်ပီး ထျန်းကျန်းရဲ့  နူတ်ခမ်းလေးကို ခိုးနမ်းလိုက်တယ် အိပ်ပျော်နေတဲ့ ထျန်းကျန်းတစ်ယောက်မသိခဲ့ဘူးပေါ့
ВИ ЧИТАЄТЕ
SYSTEM 199 (completed)
Романтикаအနေအေးပီး ပြည့်စုံချမ်းသာတဲ့ ချန်မင်ရီတစ်ယောက် မတော်တဆဖြစ်ပီး Systemနဲ့ ချိတ်သွားမိသွားရာ ဘာတွေဆက်ဖြစ်မလဲ
