ရှန်မင် ထျန်းကျန်းကို ကျောတွင်ပိုးပီး ဆုတောင်းပြည့်သည်ဆိုတဲ့နေရာကိုရောက်လာခဲ့တယ် ထျန်းကျန်းကို ကျောပေါ်ကချပေးလိုက်တယ်
ထျန်းကျန်း နတ်ရုပ်ထုကိုကြည့်ပီး ကြည်ညိုသက်ပယ်တာကြောင့် လက်အုပ်ချီကာ ဆုတောင်းလိုက်တယ်
*မင်ရီ တောင်းဆုပြုပါတယ် ဘဝဆက်တိုင်း ရှန်ဟွားနဲ့အတူ သက်ဆုံးတိုင်ပေါင်းဖက်ရပါလို၏ မင်ရီ ရဲ့  သူ့ အပေါ်ထားတဲ့ သစ္စာကြောင့် ဆုတောင်းပြည့်ဝရပါလို၏*
လုဟွာတစ်ယောက်ကတော့ * ရှလင်ရဲ့  ချစ်ခြင်းကိုပိုင်ဆိုင်ရလိုပါ၏ လုဟွာရဲ့  သားတွေကိုလည်း လင်ကောင်းရအောင် ကူညီစောင့်မပေးပါ နတ်ဘုရားရှင့်*
ဟန်မင်ကတော့ * မိဘတွေ အသက်ရှည်အောင်စောင့်ရှောက်ပေးပါ ဟန်မင်ရဲ့  ချစ်ခြင်းမေတ္တာကိုလည်း ဟန်သွမ့် သိအောင် ကူညီဖေးမပေးပါ လူသားအားလုံး
ကျန်းမာချမ်းသာအောင်ကူညီစောင့်ရှောက်ပေးပါ နတ်ဘုရား*
အားလုံး သက်ဝင်ယုံကြည်စွာ ပူဇော်ဆုတောင်းနေကြပေမယ့် ထိုနတ်ရုပ်ထုကို မကြည်ကြည့်နဲ့ကြည့်နေသော
လူတစ်ယောက်ရှိလေတယ် ထိုလူကတော့ ရှန်မင်ပင်
ရှန်မင်ရဲ့  မျက်လုံးပြာတွေဟာ အနီရောင်ပြောင်းသွားကာ သူ့စိတ်ဝိညာဉ်ဟာလည်း အဖြူရောင်လေဟာနယ်ထဲရောက်ရှိလေတယ်
"မတွေ့တာကြာပီနော် ရှင်သန်ခြင်းနတ်ဘုရား ရှန်ဟွား"
ရှန်ဟွားရဲ့  စူးစူးစိုက်စိုက်အကြည့်ကြောင့် တစ်ဖက်နတ်ဘုရားက " အိုက်ယိုး ငါ ကြောက်လိုက်တာ အဲ့လိုအကြည့်ကြီးကို ဟ ဟ မင်းမပြောင်းလဲသေးဘူး "
" မင်း ဒါပြောဖို့ ငါကိုခေါ်တာဆို ပြန်တော့မယ် မင်းအတွက် ငါ့မှာ အချိန်မရှိဘူး ဖူးယွမ် "
"ဟက် မင်းသိပါတယ် မင်းတို့နှစ်ယောက်ပေါင်းဖက်ဖို့
ငါရဲ့ အကူအညီလိုတယ်ဆိုတာ "
"အဲ့တော့ " ရှန်ဟွား ပြောတော့ ဖူးယွမ်က " မင်းတို့နှစ်ယောက် ငါ့စမ်းသပ်မှုကိုအောင်ရင် ငါကိုယ်တိုင် နင်တို့ကို ထာဝရဖူးစာကြိုးနဲ့  ချည်နှောင်ပေးမယ် "
ဖူးယွမ် စကားကြောင့် ရှန်မင် အံ့သြသင့်သွားတယ်
" မအောင်မြင်ရင် မင်း အဲ့ဝိညာဉ်ကိုလက်လျော့ပီး တိမ်နန်းဆောင်ကိုပြန်လာရမယ် "
YOU ARE READING
SYSTEM 199 (completed)
Romanceအနေအေးပီး ပြည့်စုံချမ်းသာတဲ့ ချန်မင်ရီတစ်ယောက် မတော်တဆဖြစ်ပီး Systemနဲ့ ချိတ်သွားမိသွားရာ ဘာတွေဆက်ဖြစ်မလဲ
