(အလွမ်းသီချင်းလေးကို နားကြပ်လေးတပ်ပီး နားထောင်
ဒီအပိုင်းနဲ့မတရားလိုက်တာ ပီးရင်တော့ သစ်ရှုးပါတစ်ခါတည်းယူထား ပုကြုသတိပေးတယ်နော် )
အန်းယွမ် ဟန်ရှင်းကိုရှာရင်း လမ်းမှာကလေးတစ်ယောက်ပြေးလာတာတွေ့ လိုက်တယ် သူထိုကလေးကိုဂရုမစုက်ပဲထွက်သွားဖို့ လုပ်ပေးမယ် ထိုကလေးကအရင်စကားစကာ
"ဒီအကိုကြီး ကိုကိုကို ကယ်ပါ ဟင့် ဟန်ရှင်းကိုကို "
ဟန်ရှင်းဆိုတဲ့နာမည်က သူ့စိတ်ကိုလုံးဝထိန်းမရ
သူပြေးလာလိုက်တဲ့ထိုကလေးပြောပြတဲ့နေရာကို
စိတ်ထဲကလဲဆုတောင်းနေမိတယ် *ကလေးရယ် ဘာမှမဖြစ်လိုက်ပါနဲ့  ကိုယ်အခုလာနေပီမို့  ခနလေး စောင့်နေပေးပါ *
အန်းယွမ် သူ့ကလေးရှိရာက်ု ရောက်လာပါပီ သို့သော်
စိတ်ဖောက်သူတွေဟာ သူ့ကလေးနဲ့ နီးရာကိုရောက်နေပီး သူ့ကလေးဟာလဲ ငြိမ်ကျနေတယ်
ယုလီတို့  သူတို့ ခေါင်းဆောင်နောက်ပြေးလိုက်ရင်း
ဟန်ရှင်းရှိရာကိုရောက်လာကြတယ်
"ခေါင်းဆောင် ကျွန်တော်တို့  ရှင်းလိုက်မှာမို့  ဟန်ရှင်းကိုခေါ်ပီးပြန်လိုက်ပါ "
အန်းယွမ် ယုလီအပြောကိုခေါင်းငြိမ့်ကာ ဟန်ရှင်းကိုပွေ့ ချီပီး ကလေးကိုခေါ်ကာ ထွက်လာခဲ့လိုက်တယ်
စိတ်ဖောက်သူတွေနဲ့ မတွေ့ အောင်လဲရှောင်ရသေးတယ်
သူတစ်ယောက်ထဲဆို ကိစ္စမရှိပေမယ့် အခုက ဟန်ရှင်းရော ကလေးပါ ပါနေသေးတာကြောင့် ချောင်တစ်ခုထဲအရင်ဝင်လိုက်ကာ
" ကလေး ဟိုမှာမြင်လား တံခါးကို "
ထိုကလေးက သူ့ကိုကြောက်နေတာကြောင့် ခေါင်းတာငြိမ့်လေတယ်
"ကောင်းပီ အကို အချက်ပြရင် တန်းနေအောင်ပြေးရမယ် ပီးတော့ အပြင်မှာ ကားတွေရပ်ထားတယ် ဒီမှာသော့ ဖွင့်ပီးအထဲဝင်နေ လုံခြုံတယ် "
ထို့နောက် အသံတိတ်နံပတ်စဉ်ရီကာ အချက်ပြလိုက်တော့ ထိုကလေး ပြေးသွားတာ မမြင်ရတော့သည်အထိသူကြည့်နေပီမှ ဟန်ရှင်းကို ကုန်းပိုးကာ ပြတင်းပေါက် ကနေအောက်ကိုကြည့်လိုက်တယ် သူရောက်နေသောအထပ်ဟာ ဒုတိယထပ်ဖြစ်တယ် ကလေးပြေးခိုင်းလိုက်တာ အန္တရာယ်များပေမယ့် သူနဲ့ဆို ပိုအဆင်မပြေနိုငိဘူး ကလေးရဲ့ အပြေးနှုန်းနဲ့ဆို ဟိုဟာတွေမမှိနိုင်တာကြောင့် စွန့်စားလိုက်တာဖြစ်တယ် ဒါပေမယ့် သူသာဖြတ်ရင်သေချာပေါက်သေမှာပင်
ВЫ ЧИТАЕТЕ
SYSTEM 199 (completed)
Любовные романыအနေအေးပီး ပြည့်စုံချမ်းသာတဲ့ ချန်မင်ရီတစ်ယောက် မတော်တဆဖြစ်ပီး Systemနဲ့ ချိတ်သွားမိသွားရာ ဘာတွေဆက်ဖြစ်မလဲ
