ဟန်ရှင်း သူ့ ပါးစပ်ကိုပိတ်ကာ ချောင်ထဲ ဆွဲခေါ်ခံလာရကြောင့် ရုန်းကန်ရင်း သူ့ နား နားကပ်ပြောလာတဲ့အသံကြောင့်ရပ်တန့်လိုက်တယ်
"ရူး ငြိမ်ငြိမ်နေ မသေချင်ရင်"
ခနကြာတော့ လမ်းမပေါ်က အော်သံကြောင့် သူတို့ နှစ်ယောက်လုံးလမ်းမပေါ်ကြည့်မိတော့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ဟန်ရှင်းကြောက်လန့်ကာ တစ်ကိုယ်လုံးလဲ
တုန်နေမိတယ်
ဒီလောက်စက်ဆုက်စရာမြင်ကွင်းကိုမြင်ရရင် ဘယ်သူမဆို
ကြောက်မိမှာပဲလေ စိတ်ဖောက်သူတွေဟာ လူတစ်ယောက်ကို အရှင်လက်လက် ခုတ်ထစ်ပိုင်းဖြတ်နေကြပီး
သွေးတွေဟာလဲ ဟိုတစ်ဒီတစ်စ ဒါဟာ ဘယ်လောက်ကြောက်ဖို့ ကောင်းလိုက်သလဲ
ရှေ့ ကမြင်ကွင်းကြောင့် ထိုကောင်လေးကြောက်သွားမှန်းသိတာကြောင့် မျက်လုံးကိုအုပ်ထားပေးကာ
နောက်လက်တစ်ဖက်ကို ထိုကောင်လေးပုခုံးကို ဆုပ်ကိုင်ထားလိုက်တယ်
အနေအထားက ကိုယ်ချင်းကပ်နေတာပေါ့ ဟန်ရှင်းဟာ ထိုလူထက်အရပ်ပုတာကြောင့် ထိုလူရဲ့ရင်ဘက်နားမှာ ဟန်ရှင်းရဲ့ ခေါင်း တည့်တည့်ဖြစ်တယ်
ခနအကြာမှာတော့ လူတွေရဲ့ အော်သံတစ်ချို့ကိုကြားရတယ် ထိုအသံဟာ သူတို့ နားတဖြည်းဖြည်းရောက်လာမှ " ခေါင်းဆောင် ခေါင်းဆောင်"
ထိုအခါမှ ဟန်ရှင်းကို လွတ်ပေးကာ ထိုချောင်မှထွက်ပီး
လမ်းမပေါ်တက်လိုက်တယ်
"ခေါင်းဆောင် သူကဘယ်သူလဲ"
ခေါင်းဆောင်နောက်ကပ်ပါလာတဲ့သူကြောင့် ယုလီမေးလ်ုက်တယ်
"ကျွန်တော့နာမည် ဟန်ရှင်းပါ လမ်းမစိတ်ဖောက်သူတွေနဲ့တွေ့လို့  ဒီလူကကယ်ထားပေးတာ"
"အာ ဟုတ် ကျွန်တော်နာမည်က ယုလီပါ ဒါကကျွန်တော်တို့ ခေါင်းဆောင် လုအန်းယွမ်ပါ "
*လုအန်းယွမ် ဒါဆို ဇာတ်လိုက်ကောင်ပေါ့ *
"ဟုတ် ခေါင်းဆောင်လု ကယ်ပေးလ်ု့ ကျေးဇူးပါ
ဒါပေမယ့် ကျွန်တော်ကို တစ်ခါလောက်ထပ်ကူညီပေးလို့ရမလား "
VOCÊ ESTÁ LENDO
SYSTEM 199 (completed)
Romanceအနေအေးပီး ပြည့်စုံချမ်းသာတဲ့ ချန်မင်ရီတစ်ယောက် မတော်တဆဖြစ်ပီး Systemနဲ့ ချိတ်သွားမိသွားရာ ဘာတွေဆက်ဖြစ်မလဲ
