မင်ရီ မျက်လုံးဖွင့်ကာ ဘေးပတ်လည်ကိုကြည့်လိုက်တော့ သိပ္ပံ စမ်းသပ်ခန်းတစ်ခုလိုနေရာမှာရောက်နေတာကို တွေ့ လိုက်တယ်
မင်လုံ ပို့ ပေးတော့
[yes host]
ခေါင်းတဆစ်ဆစ်ကိုက်ခဲမှုတွေနဲံအတူ ဝင်ရောက်လာသော မှတ်ညဏ်များဒီကမ္ဘာဟာ သိပ္ပံလွန်ခတ်ဖြစ်တယ် သိပ္ပံပညာတွေတိုးတက်တာက အံ့မခန်းပဲ လူတွေက်ု အထောက်အကူဖြစ်စေဖို့  သိပ္ပံပညာရှင်တွေဟာ အမျိုးမျိုးသော စက်ကိရိယာတွေကိုတီထွင်ဖန်တီးကြတယ် အဲ့လိုဖန်တီးကြတဲ့အခါ သိပ္ပံပညာရှင်တွေကို တစ်ချို့ တွေကလောဘကြောင့် ထိန်းချုပ်ချင်လာကြတယ် အဲ့တာဟာ
ဒီကမ္ဘာဖြစ်လာရချင်အစပေါ့သိပ္ပံ ပညာရှင်တစ်ယောက်ဟာ သူ့ ဇနီးသည်နှင့်အတူ
စက်ကိရိယာတစ်ခုကို တီထွင်ခဲ့တယ် စမ်းသပ်သုံးကြည့်ဖို့  လူမရှာတော့ပဲ သူကိုယ်တိုင် စမ်းသပ်ခံလုပ်လိုက်တယ် ဇနီးသည်ကိုတော့ မလုပ်ခိုင်းခဲ့ ချေ သို့ သော် အောင်မြင်မယ်ထင်တဲ့  ထိုစမ်းသပ်မှုဟာကျဆုံးခဲ့တယ် သိပ္ပံပညာရှင်လေးကတော့ ထိုပစ္စည်းကြောင့်စိတ်ဖောက်သွားခဲ့တယ် ထိုအခါဇနီးသည်က ထိုပစ္စည်းကို ပြန်လည် စစ်ဆေးဖို့  ပြင်ပေမယ့် လောဘကြီးတဲ့ 
ထောက်ပံ့သူကတော့ သူမကိုသတ်ပီးဟ ထိုပစ္စည်းကို
ဈေးကွက်ပေါ်တင်လိုက်တယ်
ပစ္စည်းဟာ လှပပီး ဈေးသက်သာတာကြောင့် ဝယ်သူများပြားလှတယ် သုံးစွဲသူတွေဟာ သိပ္ပံပညာရှင်လေးလို စိတ်ချက်ချင်းဖောက်ပြန်သွားခြင်းမရှိခဲ့ပေမယ့်
လအနည်းငယ်ကြာတဲ့ အခါမှာတော့ တဖြည်းဖြည်းချင်းစိတ်ဖောက်ကာ အ ချင်းချင်း အကြမ်းဖက် သတ်ဖြတ်ခြင်းတွေရှိလာကြတော့တယ် လူတွေဟာ သားသမီး လူကြီးမိဘမကျန် အောင် စိတ်ဖောက်တဲ့လူတွေဟာ သတ်လာကြတယ် ထိုပစ္စည်းအများစုကိုမသုံးစွဲသူတွေကတော့ ကလေးတွေနဲ့  သက်ကြီးရွယ်အိုတွေသာဖြစ်တယ်
ချွင်းချက်အနေဖြင့် စစ်မှုထမ်းတွေကတော့ သုံးစွဲခွင့်မရှိပေဇာတ်လိုက်နာမည်က လုအန်းယွမ် ဇာတ်လိုက်ဟာ
စစ်ဗိုလ်မှုးတစ်ယောက်ဖြစ်တယ် အသက်နှစ်ဆယ်သာရှိလို့  အထင်သေးဖို့ တော့ မစင်းစားနဲ့  စစ်တပ်အားလုံးဟာ သူ့ အမိန့် ကိုနာခံရတယ် လူတွေစိတ်ဖောက်ပြန်ပီး အကြမ်းဖက်မှုတွေရှိလာတဲ့အခါမှာတော့
ဇာတ်လိုက်ဟာ လူတွေကို ကယ်တင်ခဲ့တယ်
ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာ အဖြေရှာခဲ့တယ်
လွယ်လွယ်နဲ့ တော့ ဘယ်ရှာတွေ့ မလဲ ဘေးက ပါရမီဖြည့်မယ့် ဇာတ်လိုက်မပေါ်လာတော့ အလွယ်လေးဖြစ်သွားတယ် ဇာတ်လိုက်မနာမည်က ကျန်းဝမ်းရှင်း
သူမဟာ ကျန်းမိသားစုရဲ့ သမီးတစ်ယောက် တစ်နည်းဆိုသော် သူအခုဝင်ထားတဲ့ကိုယ်ရဲ့  အဖေတူ အမေကွဲ အမဖြစ်တယ် သူမဟာ အထူးရဲတပ်ဖွဲ့ ဝင်ဖြစ်တယ် တာဝန်နားလို့ အိမ်ပြန်တဲ့ အချိန် လူတွေဟာ အချင်းချင်းသတ်ဖြတ်နေကြတာကိုတွေ့တော့ နောက်တော့ သူမဘက်ကိုရောက်လာတော့ အများနဲ့ တစ်ယောက်မို့  ဒဏ်ရာရကာ ဇာတ်လိုက်အဖွဲ့ ရဲ့ ကယ်တင်ခြင်းခံရတယ် နောက်တော့ အကြမ်းဖက်ရဲ့ နောက်ကွယ်ကအကြောင်းကို ရှာဖွေတွေ့ ရှိပီး ကမ္ဘာကြီး ငြိမ်းချမ်းသွားကာ
သူတို့ လဲ လက်ထပ်ပီးနေထိုင်သွားကြတယ်
YOU ARE READING
SYSTEM 199 (completed)
Romanceအနေအေးပီး ပြည့်စုံချမ်းသာတဲ့ ချန်မင်ရီတစ်ယောက် မတော်တဆဖြစ်ပီး Systemနဲ့ ချိတ်သွားမိသွားရာ ဘာတွေဆက်ဖြစ်မလဲ