မင်ဖန် ထွက်သွားတော့ နောက် မီးပုံပွဲမှာ လူသိပ်မရှိတော့ ရှန်မင် babyကိုသာငေးနေမိတယ် ရှလင်တစ်ယောက် faဖြစ်နေတဲ့မိမိ ကိုသာ ရိုက်သတ်ပစ်ချင်စိတ်ပေါက်လာတယ် လုဟွာတစ်ယောက်ကတော့ ထိုစုံတွဲက်ု ထောင့်ပေါင်းစုံက ဓာတ်ပုံရိုက်ယူကာ ရှန်းကျန်းဆိုပီး shipper gpထောင်လေတော့တယ်
ထျန်းကျန်း အိပ်ချင်နေပီဖြစ်တာကြောင့် " ခင်ဗျာ မန်ြသေးဘူးလား ဒါဆို ကျွန်တော်ပြန်တော့မယ် "
ထိုအခါ ထျန်းကျန်းကိုငေးနေသော ရှန်မင်က " တူတူပြန်မယ်လေ ခန လုဟွာညီမလေး ဟိုကောင်တွေကို ဘာတိုက်လိုက်တာလဲ"
လုဟွာ အစ်ကိုရှန်ရဲ့ ကြောက်စရာအသံကြီးကြောင့် တံတွေးမျိုချကာ " အဲ့ အဲ့တာက စိတ်ကြွဆေးနည်းနည်းလေး ပိစီကပါတဲ့ဝိုင်ရယ် အပြင်းစား ဝိုင်ရယ်ပါ "
"ဘာ ……"
ရှလင် လုဟွာအပြောကြောင့် အလန့်တကြားအော်မိလိုက်တယ်
"ဟင်း နင် မသိဘူး သွမ့်ကော မူးလာရင် သွေးအရမ်းဆိုးတာ "
ရှလင်က ရှန်မင်အပြောကို ခေါင်းငြိမ့်ထောက်ခံကာ "မင်း မိန်းကလေးမှဟုတ်ရဲ့ လား "
ထျန်းကျန်း ရှန်မင်စကားကြောင့် စိတ်ထဲကတွေးလိုက်တယ်
ဘုရားရေ ငါ့သူငယ်ချင်း အသက်ရောရှိသေးရဲ့ လား လို့ပေါ့
" ကလေး အခန်းပြန်ကြမယ်လေ " ရှန်မင်အပြောနဲ့အတူ သူ့လက်ကိုလာဆွဲပီး အခန်းပြန်လေတယ်
အခန်းနံပါတ် 18 အတွင်းမှာတော့
" အစ်ကို ခင်ဗျား ဘာ ဘာပြောလိုက်တာလဲ "
ဟန်သွမ့်အပြောကြောင့် ဟန်မင် မျက်လုံးပြူးမျက်ဆံပြူး
ဖြစ်သွားကာ ပြန်မေးလိုက်တယ်
"ငါ မင်းကို ချစ်တယ်လို့ ပြောတာလေ ဘာဖြစ်လို့လဲ
မချစ်ရဘူးလား မရဘူးနော် ကိုယ် မင်းကို အများကြီးချစ်တာ မင်းက ကိုယ့်အပိုင်ပဲဖြစ်ရမယ် "
ပြောရင်း သူ့မျက်နှာကို ဆွဲယူကာ အတင်းနမ်းသော
အစ်ကိုကြောင့် ဟန်မင် ရုန်းကန်လိုက်တယ်
"ဘာကြောင့် လက်မခံတာလဲ ညီလဲ ကိုယ့်ကိုချစ်တယ်မလား " ဒေါသသံနည်းနည်းစွက်လာသော အစ်ကိုကြောင့် " မဟုတ်ဘူး ကျွန် ကျွန်တော်က အွန်း အု"
YOU ARE READING
SYSTEM 199 (completed)
Romanceအနေအေးပီး ပြည့်စုံချမ်းသာတဲ့ ချန်မင်ရီတစ်ယောက် မတော်တဆဖြစ်ပီး Systemနဲ့ ချိတ်သွားမိသွားရာ ဘာတွေဆက်ဖြစ်မလဲ
