ဝင့်ထည် ခြံတွင်းကဒန်းပေါ်ထိုင်နေတုံး အိမ်ထဲကားတစ်စီးဝင်လာတယ် သေချာတာပေါ့ အဲ့ ဝင့်ထည်ရဲ့ တစ်ဦးတည်းသော ချစ်ရသူမာန်တင့်တယ်ပေ
ကားပေါ်ကဆင်းလာပီး သူဆီလျောက်လာတယ်
"ကလေး အပြင်ဘာလို့ထွက်နေတာလဲ အအေးမိနေမှ "
"ဟီး ကိုကိုကလည်း ပိုလွန်းတယ် ကလေး ဘာမဖြစ်ပါဘူး နေကောင်းနေပါပီ "
ထိုသို့ပြောလိုက်တော့ မာန်ခေါင်းငုံ့ သွားပီ
"တောင်းပန်ပါတယ် ကလေးရယ် ကိုယ် ကာကွယ်မပေးနိုင်ခဲ့လို့  ကလေးအခုလိုဖြစ်နေရတာ "
"အာ ကိုကိုကြောင့်မဟုတ်ပါဘူးဆို ကိုကိုကြောင့်သာ ကျွန်တော်အခုထိ အသက်ရှင်နေနိုင်ခဲ့တာလေ ကိုကိုသာမရှိရင် ကျွန်တော်ဆိုတာ အခုထိရှိမှာမဟုတ်တော့ဘူး ဒါကြောင့်ကိုယ်ဘာသာအပြစ်မတင်ပါနဲ့ အပြစ်တင်မယိ့အစား ကလေးကိုပိုချစ်ပေးလေ မကောင်းဘူးလား"
မာန် သူ့ကလေးစကားကြောင့် ဟက်ခနဲ့ ရီလိုက်ကာ
သူကလေးကိုရင်ခွင်ထဲထည့်ဖက်လိုက်ပီး
"ဟုတ်ပါပီ ကလေးသဘောအတိုင်းပါခင်ဗျ "
မာန် သူရီပြပီးပြောလိုက်ပေမယ့် သူ့ဒေါသကတော့ပြေပျောက်မသွားခဲ့ချေ
ဝင့်ထည်သိပါတယ် သူ့ချစ်သူဒေါသ ဘယ်လောက်ကြီးမှန်း
ဟီး တစ်လောကလုံးမှာ ကိုကို့ နူးညံ့မှုတွေက ကလေးအပိုင်ပဲ
[အမြင်ကပ်လိုက်တာ hostရယ် စာဖန်နေတဲ့faအပေါင်းကိုလည်း သနားပါအုံး တကယ်ပဲ ]
(စတာ စိတ်မဆိုးကြနဲ့ )
မဟုတ်လို့လား အခုလောက်ဆို ဇာတ်လိုက်မ လူ့လောကထဲမရှိလောက်တော့ဘူးလေ
[ဟုတ်တာပေါ့ အမလေးလေး ကြက်သီးဖြန်းလိုက်တာ
hostတော့မသိဘူး မင်လုံကတော့ ကြောက်လွန်းလို့ ဒါပေမယ့်လည်း သူ့ထိုက်နဲ့ သူကံပဲပေါ့ hostရာ]
လွန်ခဲ့သော တစ်နှစ်က ဝင့်ထည်တို့  မြန်မာနိုင်ငံကိုပြန်လာတဲ့နေ့  ပြန်ရောက်ရောက်ချင်း ပြန့်နေတဲ့သတင်းတွေကို မာန်က ပိတ်ခိုင်းတယ် ပီးတော့ သတင်းလွင့်တဲ့သူကိုစုံစမ်းပီး အစဖျောက်ဖို့လုပ်ပေမယ့်
ဝင့်ထည်က တရားဥပဒေအတိုင်းဖြေရှင်းမယ်ပြာတာကြောင့် မာန်ရပ်လိုက်တယ် အဲ့မှာအဖြစ်မှန်ပေါ်လာပီး
ဇာတ်လိုက်မ နာမည်ကျသွားတယ် ဝင့်ထည်ကိုအားပေးတဲ့သူ ပိုများလာတယ် များယွန်းစွပ်စွဲမိလို့ထောင်ဒဏ်ကျပေမယ့် ဇာန်လိုက်မအရှိန်အဝါကြောင့် ငွေဒဏ်အဖြစ်ပြောင်းလဲသွားတယ်
VOUS LISEZ
SYSTEM 199 (completed)
Roman d'amourအနေအေးပီး ပြည့်စုံချမ်းသာတဲ့ ချန်မင်ရီတစ်ယောက် မတော်တဆဖြစ်ပီး Systemနဲ့ ချိတ်သွားမိသွားရာ ဘာတွေဆက်ဖြစ်မလဲ
