ဝူရှဲ့  ကိုယ်ဝန်တစ်လပြည့်တဲ့အချိန်မှာတော့  တိုင်းပြည်မှာ ပုန်ကန်မှုတွေ ပြည်တွင်းစစ်ပွဲတွေဖြစ်ဖို့အကြောင်းဖန်လာခဲ့တယ် ပုန်ကန်မှုကို ဦးဆောင်သူကတော့ အမတ်ကြီးရန်ဖြစ်ပီး နောက်လိုက်အမတ်များလည်း ပါဝင်ခဲ့တယ်
အားလုံးသိချင်ကြမှာပေါ့ ရှောင်ခမ်းရွယ် ဘယ်ရောက်သွားလဲလို့လေ လွန်ခဲ့တဲ့လက ခမ်းရွယ်ကို မြေအောက်ခန်းမှာဖမ်းထားပီ အရိပ်တွေ နှိပ်စက်သမျှ ခံစားရပီး ခြေနှစ်ဖက်သုံးစားမရဖြစ်သွားခဲ့တယ် ပီးတော့ တန်နိုင်ငံရဲ့  အကြီးမားဆုံး ပန်းရိပ်မြုံလို့ခေါ်တဲ့  ဆောင်ကြာမြိုင်မှာ ဘဝပျက်သွားခဲ့ရတယ် ဒါကိုရှောင်နိုင်ငံကသိပေမယ့် ရှောင်ဘုရင်ကိုယ်တိုင်ကလျစ်လျူရှုခဲ့တယ်
ဒုတိယမင်းသားဖြစ်တဲ့ ခမ်းရန်ကတော့ သူ့ညီတော်ကို လွတ်ပေးဖို့တောင်းဆိုခဲ့တယ် အပေးအယူအနေနဲ့  ခမ်းရန်နဲ့  ဟန့်ရန်ကို စေ့စပ်ခဲ့ရတယ် ထို့နောက်မှာတော့ ခမ်းရွယ်ဟာ စိတ်ကျရောဂါရပီးသက်သေသွားတယ်"ရှဲ့ အာ ဘာတွေတွေးနေတာလဲ "
"ဘာမှမတွေးဘူး ကျွန်တော်လည်း စစ်တိုက်လိုက်ခဲ့မယ်လေ ""ရှဲ့ အာ ကလေးရှိသေးတယ်လေ ကိုယ့်ကိုကိုယ် ဂရုစိုက်ရမှာပေါ့ "
"ဒါပေမယ့် "
"ဒါပေမယ့်ဆိုတာ မရှိဘူး ကိုယ်ပြန်လာမယ် စောင့်နေမယ်မလား " နဖူးလေးကိုနမ်းရင်း ပြုံးကာဆိုနေသော ချစ်ရသူကြောင့် ဝူရှဲ့ ခေါင်းသာငြိမ့်ပြလိုက်တယ်"ကိုယ် မရှိဘူးဆိုပီး အစားမစားပဲမနေနဲ့  နန်းတော်ထဲမှာလည်း လျောက်မမွေနဲ့အုံး ပီးတော့ ဒါလေး ယူထား "
ဝူရှဲ့ လက်ဖဝါးပေါ်ရောက်လာတဲ့ မင်းတံဆိပ်တုံး ဝူရှဲ့  အံ့သြလို့  မော့ကြည့်မိတော့ ပြုံးပီး " မအံ့သြနဲ့  ကိုယ်ပိုင်တာ မင်းပိုင်တာပဲ ကိုယ်မရှိတုန်း ရှဲ့ အာနဲ့  ဗိုက်ထဲကကလေးက စောင့်ရှောက်ပေးပါအုံးနော် ""အင်း မြန်မြန်ပြန်လာခဲ့နော် မဟုတ်ရင် ကျွန်တော်လိုက်လာမှာ "
"လာ အိပ်တော့ နောက်ကျနေပီ " မို့ရန် ဝူရှဲ့ ကို ရင်ခွင်ထဲထည့်ကာ နဖူးလေးကိုအနမ်းပေးလိုက်တယ်
"ကိုယ်ပြန်လာရင် ရှဲ့ အာအဖေအမှုကို ပြန်စစ်ဆေးပေးမယ် ပီးရင် ကိုယ်တို့ လက်ထပ်ပွဲကိုလည်း လုပ်ကြမယ် "
"အွန်း မြန်မြန်ပြန်လာခဲ့ "
![](https://img.wattpad.com/cover/243052737-288-k449469.jpg)
YOU ARE READING
SYSTEM 199 (completed)
Romanceအနေအေးပီး ပြည့်စုံချမ်းသာတဲ့ ချန်မင်ရီတစ်ယောက် မတော်တဆဖြစ်ပီး Systemနဲ့ ချိတ်သွားမိသွားရာ ဘာတွေဆက်ဖြစ်မလဲ