Henry ကိုပွေ့ ချီကာထွက်သွားသော Haasကျောကိုကြည့်ရင်း Jamesရော Daviasပါ ဝမ်းသာမိပါတယ်
အတူကြီးပြင်းလာတဲ့တစ်လျောက် Haasက အေးစက်ပီးရက်စက်တဲ့နေရာမှာ နှစ်ယောက်မရှိခဲ့ ခုတော့
သူ့ နှလုံးသားကို လုံ့ ဆော်ပေးတဲ့သူရှိလာခဲ့ပီမဟုတ်လား"အစ်ကိုကြီး Haasတောင်အတော် ပြောင်းလဲသွားပီ
အစ်ကိုကြီးလည်း ပြောင်းလဲသင့်ပီ ဘယ်အချိန်မှ ရပ်တန့်မှာလဲ ""ဘာလဲ James မင်း နဲ့  မဆိုင်ဘူးထင်တယ် "
"အစ်ကို ကျွန်တော့ကို ခွင့်မလွှတ်နိုင်သေးဘူးလား ဒါတွေကြာခဲ့ပီလေ ကျွန်တော်မရည်ရွယ်ခဲ့ပါဘူး ""ဟက် ငါမင်းကို ခွင့်မလွှတ်ဘူး ဘယ်တော့မှ "
ဒေါသသံတွေပါပါလာတာကြောင့် James သက်ပြင်းခိုးချလိုက်ပီး "အင်း ဒါဆိုလည်း ခွင့်ပြုပါအုံး Mr .Davias "James Daviasရဲ့ စကားကိုတောင်နားမထောင်တော့ပဲ ထွက်လာခဲ့လိုက်တော့တယ် အလုပ်ကိစ္စပင်မပြောဖြစ်ခဲ့ပေ ကားကို အရှိန်ပြင်းစွာ မောင်းနင်းကာ တစ်နေရာအရောက်မှာတော့ ကားရပ်လိုက်ပီး စတီယာတိုင်ပေါ် မျက်နှာအပ်ကာ မျက်ရည်ကျမိတယ်
လူတွေသာသိရင် လှောင်ကြမှာပေါ့ ရက်စက်ပါ့တဲ့mafia က ငိုနေတယ်ဆိုပီး အမြဲတမ်းပြုံးနေရတာ သူမုန်းတယ် သူလည်း ငိုချင်ငိုမယ် ရီချင်ရီမယ်
ချစ်ရသူနဲ့  အတူနေပီ သာမာန်ဘဝလေးရချင်တာပေါ့
ဒါပေမယ့် ကံကြမ္မာက သူ့အပေါ်ရက်စက်မှတော့ သူဘာများတက်နိုင်မှာတဲ့လဲညနေမှောင်ရိပ်သန်းချိန်မှာတော့ ကားပေါ် ရှိုက်ကြီးတငင်ငိုနေတဲ့  ကောင်လေးရှိသလို ရုံခန်းဆိုဖာပေါ်ထိုင်ကာ မျက်ရည်ကျနေတဲ့  ကောင်လေးတစ်ယောက်လဲရှိခဲ့တယ် သူတို့ကို မျက်ရည်ကျစေတဲ့ပြသာနာက ဘာဆိုတာ သူတို့သာသိပေလိမ့်မယ်
တစ်ဖက်မှာတော့ Master Wolf စခန်း တွင်း အိမ်တော်မှာတော့ တစ်ယောက်နဲ့တစ်ယောက် မျက်လုံးချင်း စီးချင်းထိုးနေတဲ့ လူနှစ်ယောက် သေချာတာပေါ့ Henryနဲ့  Haas ပင် Henry တစ်ယောက်
အိမ်ပြန်ပို့ပေးဖို့ပြောတာကိုHaasက ပြန်မပို့ပေး တာကြောင့် Jackတစ်ယောက် မျက်လုံးစစ်ခင်းနေသော လူနှစ်ယောက်ကြောင့် ကြားထဲအနေခက်လာတယ်
နောက်ဆုံးတော့Henryသာ အရှုံးပေးလိုက်ရတော့တယ်
VOCÊ ESTÁ LENDO
SYSTEM 199 (completed)
Romanceအနေအေးပီး ပြည့်စုံချမ်းသာတဲ့ ချန်မင်ရီတစ်ယောက် မတော်တဆဖြစ်ပီး Systemနဲ့ ချိတ်သွားမိသွားရာ ဘာတွေဆက်ဖြစ်မလဲ