မနက်လင်းလာတော့ ဖုန်းရှန့် တစ်ယောက် အိပ်ရာက နိုးထလာခဲ့တယ်
"ဖုန်းအာ နိုးရင်ထတော့ ကိုယ် မနက်စာပြင်ထားတယ် "
ခပ်အော်အော် အသံလေးက သတိပေးလာတော့ ဖုန်းရှန့်  မချိန်မဆွဲပဲ ထလိုက်ကာ ပြင်ဆင်လိုက်တယ်
စားပွဲပေါ်တင်ထားတဲ့ ခေါက်ဆွဲရေကျိုချက် လေးက သူ့ ကို ဆွဲဆောင်နေတယ်
" ရန်ချိုကော ရဲ့ လက်ရာ ဘယ်လောက်တိုးတက်လာလဲ ကြည့်ရအောင် "
"ဟ ဟ ကောင်းပါပီ"
တူကိုင်ပီ စတင်မြည်းစမ်းလိုက်ကာ ဖုန်းရှန့်  မျက်လုံးများတောက်ပသွားတာကြောင့် ရန်ချိုး ပြုံးလိုက်တယ် စိတ်ထဲကလည်း *ဒီကလေး တောင်သခင်တစ်ယောက်ဖြစ်နေတာတောင် ဘာမှမပြောင်းလဲဘူး *
"ဝါး ရန်ချိုကော လက်ရာက အမြဲကောင်းနေတော့တာပဲ "
"ဖုန်းအာ ဒီနေ့  ဘယ်သွားမှာလဲ ကိုယ်လဲလိုက်လို့ရမလား"
"တကယ်လား ကောအားရင် လိုက်ခဲ့ပါ ဖုန်းအာလည်း အဖော်ရတာပေါ့"
[ဟူး တကယ်ပါပဲ hostရယ် သတိထားဖို့ပြောနေတာကို ]
အော် youရယ် သူက ငါ့ချစ်သူပါကွ ငါ့ချစ်သူက ငါ့ကို ဘယ်တော့မှ ဒုက္ခဖြစ်စေမှာမဟုတ်ဘူး
[ယုံကြည်မှုတွေ သိပ်ပြင်ထန်နေတယ်ပေါ့လေ]
ဒါပေါ့ ငါ့ချစ်သူကို ငါ့ကိုငါ့ထက် ပိုယုံတယ်
[မပြောတော့ဘူး စိတ်လေတယ် တစ်ခုတော့သတိထား သူအကြောင်း မင်လုံမှာ ပြောခွင့်မရှိတာကြောင့် တစ်ခုခုဆို စွတ်ယုံမနေနဲ့ ဒီတစ်ခေါက် missionရှုံးရင် hostဒုက္ခရောက်လိမ့်မယ် ]
အေးပါကွာ အတော်လေရှည်တယ်
စားသောက်လို့ပီးသွားတော့ ဖုန်းရှန့် တို့  ဇာတ်လိုက်မ ရှိရာအရပ်ဆီကို ထက်လာလိုက်တယ် သူ့နောက်က ထပ်ကျပ်မကွာလိုက်လာတဲ့ ရန်ချိုးရောပေါ့
ဖုန်းရှန့် တို့  လမ်းသွားနေရင်း
ပြေးကြဟေ့ ပြေးကြ မိတ္ဆာတွေ လာနေပီ
လူတွေပြေးလိုက်လွှားလိုက်နဲ့ ရှုပ်ရှက်ခတ်နေကြတော့တယ်
ထိုအချိန် ဖုန်းရှန့်  မျက်လုံးထဲရောက်လာတဲံ ကလေးနှစ်ယောက် တစ်ယောက်လက် ကိုတစ်ယောက်ဆွဲရင်း ပြေးနေကြတယ်
YOU ARE READING
SYSTEM 199 (completed)
Romanceအနေအေးပီး ပြည့်စုံချမ်းသာတဲ့ ချန်မင်ရီတစ်ယောက် မတော်တဆဖြစ်ပီး Systemနဲ့ ချိတ်သွားမိသွားရာ ဘာတွေဆက်ဖြစ်မလဲ
