မင်လုံ ကြီးမားလွန်းတဲ့ အမှောင်စွမ်းအင်တွေကြောင့် ဝူရှဲ့ ရှိရာကနေ အဝေးကိုလွင့်စင်ပီး သတိလစ်သွားတာနှစ်ရက်တောင်ရှိသွားခဲ့တယ်
"ဘုရားရေ ဘာတွေဖြစ်နေပါလိမ့် မဖြစ်ဘူး "
ရင်းရင်း လှဲနေရာကထကာ တိမ်ပင်လယ်ကြားထဲက
system godတွေရှိရာ အပြေးသွားရလေတော့တယ်
" ရင်းရင်း ဘာဖြစ်လာတာလဲ "
မီးနတ်ဘုရားအမေးကြောင့် " အရှင် ရှင်သန်ခြင်းနတ်ဘုရားရဲ့  ဝိညာဉ်အပိုင်းမစမှာ အမှောင်စွမ်းအားတွေ များလွန်းနေတယ် ဘာကြောင့်များလဲ မင်ရီ တောင်
နတ်ဘုရားမှန်းမသိလောက်အောင် "
မီးနတ်ဘုရားရှန်ပင်းက " ရင်းရင်း မင်းသိပါတယ်
မို့ရန်ဟာ အမှောင်စွမ်းအားနဲ့ အပြိုင်မွေးဖွားလာတဲ့သူ
ရှန်ဟွား သူက သွေးနှောတစ်ယောက် သူဒီလိုအချိန်မှာ အမှောင်စွမ်းအင်တွေကို မတွန်းလှန်နိုင်ဘူး
ပီးတော့ ရင်းရင်း ချန်ကြင်ယာတော်ကိုဂရုစိုက်ပေးလိုက်ပါအုံး မကြာခင် မထင်မှတ်ထားတာတွေဖြစ်နိုင်တာကြောင့် "
"အရှင် ဘာကိစ္စများလဲ ရင်းရင်း သိနိုင်မလား "
"မကြာခင် ပုံရိပ်ယောင်ကမ္ဘာတွေထဲ မွေးဖွားလာမယ့်
နတ်ဘုရားတစ်ပါး ရှိတယ် ဒီလောက်ပဲသိထားပါ"
ရင်းရင်း ထိုနေရာမှ ပုံရိပ်ယောင်ကမ္ဘာထဲ ပြန်လိုက်တယ် စိတ်သက်သာစွာပြန်လာပေမယ့် မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ရင်းရင်း နားမလည်နိုင်တော့
ချန်ကြင်ယာတော်ရဲ့  ဝိညာဉ်ဟာ ဝူရှဲ့ ရဲ့  ကိုယ်ထဲရှိမနေတာကြောင့် ပင်
"မင်လုံ ငါဘာတွေဖြစ်နေတာလဲ ကယ်ပါအုံး ပူတယ် အား ဟင့် "
" မင်ရီ ကျွန်တော်သွားနေတုန်း ဘာတွေဖြစ်သွားတာလဲ " ရင်းရင်း မင်ရီဘေးမှာ ရစ်ပတ်ဝိုင်း သော အမှောင်စွမ်းအင်တွေကို လေ့လာရင်း မေးလိုက်တယ်
မင်ရီ သူမရှိတဲ့အချိန်ကစပီး အကြောင်းကိုပြောပြလေတယ် ဘာမှထူးခြားမနေပါပဲ ဒီလိုဖြစ်နေတယ်တဲ့လား
YOU ARE READING
SYSTEM 199 (completed)
Romanceအနေအေးပီး ပြည့်စုံချမ်းသာတဲ့ ချန်မင်ရီတစ်ယောက် မတော်တဆဖြစ်ပီး Systemနဲ့ ချိတ်သွားမိသွားရာ ဘာတွေဆက်ဖြစ်မလဲ
