အန်းယွမ် သူရှေ့ က လူနှစ်ယောက်ကို ရှောင်ဖယ်ကာ
ရှေ့ ဆက်လိုက်တယ်
ဟန်ရှင်း ဇာတ်လိုက်မရဲ့  သရုပ်ါဆောင်မှုကြီးကြောင့်
မင်လုံ သူကငါ့ထက်အကယ်ဒမီပိုရသင့်တာ
[ဟုတ်တယ် အမြင်ကပ်လိုက်တာ hostရယ် ]
မူလပိုင်ရှင်ခံစားရတာထက်ပိုခံစားစေရမယ်
"မောင်လေးက အခုဒီက်ုဘယ်လိုရောက်လာတာလဲ "
"ခေါင်းဆောင်တို့ခေါ်လာပေးလို့ပါ မောင်လေးလို လူက ဒီကိုတစ်ယောက်ထဲဘယ်လာနိုင်ပါ့မလဲ"
*ငါသိသားပဲ နင်ဒီလောက်ထိမတော်မှန်း *
"ဟန်အာ မမ အလုပ်ကလေးရှိလို့  သွားအုံးမယ် နော် "
"ဟုတ်မမ "
ဝမ်ရှင်းထွက်သွားမှ ဟန်ရှင်းရဲ့ ပြုံးနေတဲ့ မျက်နှာပျောက်သွားကာ
"ဇာတ်လမ်းက အခုမှစမှာပါ "
hostအပြောကြောင့် မင်လုံကတော့ ဝမ်ရှင်းအတွက်
အမွေးတိုင်ထွန်းထားပေးလိုက်ပီဖြစ်တယ်
မင်လုံ နင်ပြောကြည့် ခုချိန် အဲ့ လောဘကြီးတဲ့ထောက်ပံ့သူဘယ်ရောက်နေမလဲလို့ 
[မသေချာပေမယ့် သူလဲဒီရောက်နေလောက်တယ်
မူလဇာတ်ကြောင်းမှာလဲ သူကကယ်တင်ခံရတာကို]
ကောင်းတာပေါ့ ပိုကြည့်ကောင်သွားတာပေါ့
ဒုတိယဇာတ်လိုက်ကိုမတွေ့ သေးဘူး
[သူက တပ်သားတွေကိုလေ့ကျင့်ရေးဆင်းနေတယ် ]
ခေါင်းတစ်ချက်ငြိမ့်ကာ လေ့ကျင့်ရေးကွင်းဘက်ကို
ဆင်းလာလ်ုက်တယ်
ဟန်ရှင်း လေ့ကျင့်ရေးကွင်းထဲရောက်သည်နဲ့တစ်ပြိုင်နက်
[hostသတိထား ]
အပြောသည်နောက်ကျသွားခဲ့ချေပီ
ဘုတ်
ခေါင်းကို တစ်ခုခုက လာမှန်းတဲ့အရှိန်ကြောင့် ဟန်ရှင်း ချက်ချင်းပြန်ထဖို့ မလွယ်
"အား နာလိုက်တာ"
"ဘာဖြစ်သွားသေးလဲ ဆေးခန်းသွားမလား ကိုယ်လိုက်ပို့ပေးပါမယ် "
ဟန်ရှင်းကို တွယ်ကူရင်းပြောလာတဲ့လူကြောင့် ဟန်ရှင်းတစ်ချက်ကြည့်လိုက်ပီး
ВЫ ЧИТАЕТЕ
SYSTEM 199 (completed)
Любовные романыအနေအေးပီး ပြည့်စုံချမ်းသာတဲ့ ချန်မင်ရီတစ်ယောက် မတော်တဆဖြစ်ပီး Systemနဲ့ ချိတ်သွားမိသွားရာ ဘာတွေဆက်ဖြစ်မလဲ
