မို့ရန် သူစုံစမ်းဖို့ လွတ်လိုက်သော ဂင်တစ်ယောက် ပေါ်မလာတာကြောင့် စိုးရိမ်စိတ်လေးဝင်လာတယ်
ဂင်ဆိုတာ သူ့အတွက် ညီအစ်ကိုတစ်ယောက်လိုမို့
အဆုံးရှုံးမခံနိုင်
" နံပတ်ရှစ် မင်းတို့ခေါင်းဆောင်ကို သွားရှာလာခဲ့ မတွေ့မချင်းရှာခဲ့ လူလိုအပ်သလောက်ခေါ်သွား "
"အမိန့်အတိုင်းပါအရှင် " နံပတ်ရှစ် ထွက်သွားမှ မို့ရန် ဝူရှဲ့ နဲ့အတူ ညီလာခံတက်ဖို့ထွက်လာခဲ့တယ်
ရှဲ့ လို့ခေါ်တဲ့ ထိုကောင်လေးကို သူ့ဘေးနားခေါ်ထားတာ တစ်လရှိနေပီ မျက်နှာခုထိမမြင်ဖူး ညီလာခံခန်းမထဲ ဝင်လိုက်တာနဲ့  " အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ " ဆိုတဲ့  ဆုတောင်းသံကြီးကို အရင်ကြားရတော့တယ် ထိုအသံကြီးကြောင့် မို့ရန် စိတါထဲက *ဟက် သောက်အဖိုးကြီးတွေ အပိုတွေလုပ်ပြန်ပီ *
ညီလာခံစတင်လိုက်တာနဲ့  ပြသာနာပေါင်း သောင်းခြောက်ထောင်ကို မို့ရန် စိတ်ရှုပ်စွာဖြေရှင်းပေးရတော့တယ်
အမတ်ချုပ်ကြီးရန်က " အရှင်မင်းကြီး တိုင်းပြည် ဘဏ္ဍာအတွက် အခွန်းတိုးသင့်ကြောင်းပါ "
"ဟုတ်မှန်ကြောင်းပါ စစ်ရေးအတွက်အသုံးပြုဖို့ အခွန်တိုးကောက်သင့်ကြောင်းပါ "
အမတ်ချုပ်လျောက်တင်သံကြောင့် မို့ရန် ဒေါသထောင်းကနဲ့  ထွက်လာတော့တယ်
"အခွန်တိုးကောက်ရမယ်တဲ့လား စစ်ရေးအတွက်ဟုတ်လား အမတ်တို့က စစ်ဖြစ်ဖို့ လိုလားနေကြတာလား " အေးစက်စက် လေသံဖြင့် ပြောလာသော အရှင်သခင်ဖြစ်သူကြောင့် အမတ်အားလုံး ဒူးထောက်က ခွင့်လွတါဖို့တောင်းပန်ကြလေတယ်
" အရှင် မင်းကြီး စိတ်ထိန်းတော်မူပါ ဒီအမတ်အို လျောက်တင်ပါရစေ နောက်တစ်ပတ် ရှောင်နိုင်ငံက သံတမန်အဖွဲ့  လာရောက်မယ်ဖြစ်ကြာင်းပါ "
" အမတ်ကြီးကပဲကောင်းသလို စီစဉ်လိုက်ပါ ဒါနဲ့  ချန်တိုင်းပြည်က သံတမန်တွေရော ဘယ်နေ့ ပြန်မှာတဲ့လဲ "
ВЫ ЧИТАЕТЕ
SYSTEM 199 (completed)
Любовные романыအနေအေးပီး ပြည့်စုံချမ်းသာတဲ့ ချန်မင်ရီတစ်ယောက် မတော်တဆဖြစ်ပီး Systemနဲ့ ချိတ်သွားမိသွားရာ ဘာတွေဆက်ဖြစ်မလဲ
