ရင်းရင်းတစ်ယောက် ဝမ်းအန်းဆီမှ နတ်ဓားဂိုဏ်းလို့ကြားလိုက်တာနဲ့  တောထဲက နန်းယိမ့်ရှိရာကို ရောက်လာခဲ့တယ်
နန်းယိမ့် နတ်အငွေ့အသက်ကြောင့် နောက်လှည့်ကြည့်ပီး ချက်ချင်းပြန်လှည့်သွားကာ စကားဆိုလာတယ်
" ချန်ကြင်ယာတော်ရဲ့  အစောင့်အရှောက်က ဘာလို့ဒီရောက်နေတာလဲ ""ကယ်တင်ပေးပါ ကြင်ယာတော်ကိုကယ်တင်ပါ ကျွန်တော် ဒူးထောက်ပီး တောင်းပနိပါတယ် "
ဒူးထောက်ကာ မျက်ရည်ကျလက်တောင်းဆိုနေသော ရင်းရင်းကို နန်းယိမ့်ကြည့်ရင်းစိတ်မကောင်းသို့သော်
"ရင်းရင်း မင်းသိပါတယ် ငါတို့နတ်ဘုရားတွေက ကိုယ်နဲ့မဆိုင်တာ ဝင်မပါရဘူးဆိုတာ ငါမကူညီနိုင်ဘူး ငါဒီမှာရှိနေတာ နတ်ဘုရားအသစ်မွေးဖွားလာတာကို ကူညီဖို့အတွက်ပဲ "
"တကယ်ပဲ မကူညီနိုင်တော့ဘူးလား ကျွန်တော်မျိုးတို့အရှင် မျက်နှာကို မထောက်ထားတော့ဘူးလား ကြင်ယာတော်သာမရှိတော့ရင် အရှင် သေချာပေါက် သေချာပေါက် ဟင့် ဟင့် နန်းယိမ့်နတ်ဘုရား ကျေးဇူးပြုပီး ကယ်တင်ပေးပါ "
ဒူးထောက်ကာ သူ့အင်္ကျီစကိုပါ ဆွဲရင်း စကားကိုပလုံးပထွေးပြောနေသော ရင်းရင်းကြောင့် နန်းယိမ့် သက်ပြင်းချကာ " ရင်းရင်း ဒီကိစ္စ မင်းရယ် ငါရယ် နှစ်ယောက်တည်းသိပါစေ နတ်ဘုရားတွေမသိစေနဲ့  ဆေးပစ္စည်းလေး ယူလိုက်အုံးမယ် "
ထိုအချိန် မို့ရန်တစ်ယောက် ဂင်နဲ့ အတူ မြင်းကိုဒိုင်းစိုင်စီးကာ မြို့ အလီလီဖြတ်ရင်း တောရှိရာ ဆီကို လာနေလေတယ် စိတ်ထဲကနေလည်း ရှဲ့ အာ သူပြန်လာတဲ့ အထိစောင့်နေဖို့  ဆုတောင်းနေမိတယ်
နန်းတွင်း ဘုရင့်အဆောင်မှာတော့ ကုတင်ပေါ်တွင်လှဲလျောင်းနေသော ဝူရှဲ့ နဲ့  ပြုစုစောင့်ကျပ်နေတဲ့  အရိပ်အဖွဲ့ သားများရှိလေတယ်
ခမ်းရွယ် တစ်ယောက် ထိုကိုယ်ရံတော်သေမည့်နေ့စောင့်နေတာ စိတ်မရှည်တော့ချေ
"အတော်အသက်ပြင်းတဲ့ အကောင် မြန်မြန်သေအေးတဲ့ဟာ တောင့်ခံနေသေးတယ် ငါ့သွေးအဆိပ်ခတ်ထားတာတောင် မသေနိုင်သေးဘူး "
ESTÁS LEYENDO
SYSTEM 199 (completed)
Romanceအနေအေးပီး ပြည့်စုံချမ်းသာတဲ့ ချန်မင်ရီတစ်ယောက် မတော်တဆဖြစ်ပီး Systemနဲ့ ချိတ်သွားမိသွားရာ ဘာတွေဆက်ဖြစ်မလဲ