(ဟန်ဝူရှဲ့ လိုပဲသုံးတော့မယ်နော် )
ဝူရှဲ့  တစ်ယောက်လျိုထဲက ထွက်ကာ သစ်တောထဲ ပတ်ရှာလည်နေတယ် ကော ခန္ဓကိုယ်ဖြစ်တာကြောင့် အရမ်းပင်းပန်းလေတယ် သို့သော် သူတောင့်ခံထားနိုင်ပါသေးတယ် ဝူရှဲ့  တစ်နေရာရောက် တောထဲက လူသွားလမ်းလေးတွေ့ တာကြောင့် ထိုလျောက်လမ်းအတိုင်း ဝင်သွားလိုက်တယ် အိမ်လေးတစ်လုံးတွေ့ တာကြောင့် " ဘယ်သူရှိလဲ ဗျ အိမ်ရှင်တို့ " အော်နေရင်း
ဝူရှဲ့  အမြင်တွေဝေဝါးကာ သတိလစ်သွားလေတော့တယ်
အော်သံကြောင့် အပြင်ထွက်လာတဲ့  အမျိုးသမီးတစ်ဦး
"ဟာ ဟေ့ ကလေး ကျွတ်ကျွတ် ဒဏ်ရာတွေနဲ့ ပါလား မဖြစ်ပါဘူး "
ထိုအမျိုးသမီးလည်း အမညိမသိကလေးကို တွဲခေါ်ကာ
အိမ်ထဲဝင်လိုက်တယ် ပီးတော့ သန့်စင်ပေးပီး ဒဏ်ရာတွေက်ု ဆေးထည့်ပေးလိုက်တယ်
အတန်ကြာတော့ ဝူရှဲ့  မျက်လုံးများပွင့်လာကာ
ထလိုက်တော့ " မင်း နိုးလာပီလား အရမ်းမထနဲ့လေ
ဒဏ်ရာတွေဆိုးကုန်လိမ့်မယ် ကလေး မင်းဘာတွေဖြစ်လာလဲမသိပေမယ့် နေကောင်းတဲ့အထိ ဒီမှာနေ ပါ ပီးရင် ထွက်သွားပါ "
"ခုလို ကယ်တင်ပေးလို့  ကျေးဇူးပါ "
"ရပါတယ် မင်းကကောတစ်ယောက်မို့  ပိုဂရုစိုက်သင့်တယ် ဒါပေမယ့် မင်းရဲ့  ကျူရှားကျစ်က
အရောင်မှိန်လွန်းတယ် ဘာကြောင့်များလဲ "
" ကျွန်တော် ငယ်ငယ်က အပြင်းအထန်နာမကျန်းဖြစ်ဖူးပါတယ် ဒါကြောင့် "
ဝူရှဲ့  သူပုခုံးထက်ကို လက်ဖြင့် ကိုင်ရင်း ပြောပြလိုက်တယ်
" ရပီ ရပီ မင်း နားလိုက်အုံး ငါ လုပ်စရာတွေရှိသေးတယ် "
ထိုအမျိုးသမီးထွက်သွားမှ ဝူရှဲ့  မင်လုံကိုခေါ်လိုက်တယ်
[ဘာလဲ ဟိုအမျိုးသမီးအကြောင်းလား ရပါတယ် အဲ့လောက်ကတော့ ဇာတ်လိုက်တွေအကြောင်းကိုတော့ မင်လုံလဲ စုံစမ်းမပေးနိုင်ဘူးနော် ]
အေး လျာကိုရှည်လွန်းတယ်
[ဒါကတော့ hostနဲ့ တူတာကိုဗျ ကဲပါ ထိုအမျိုးသမီးနာမည်က နန်းယိမ့် သူက သိုင်းလောကရဲ့  ထိပ်တန်း ပညာရှင်တစ်ဦးဖြစ်ပီး နတ်ဓားဂိုဏ်းရဲ့  တစ်ဦးတည်းသောသမီး သူမက ဂိုဏ်းကိုစိတ်မဝင်စားတာကြောင့် ကမ္ဘာပတ်ပီး ဆေးပညာသင်တယ် ပီးတော့ ဒီတောမှာတစ်ယောက်တည်းနေတယ် တစ်လတစ်ခါ မြို့ တက်ပီး ဆေးကုတယ် သိုင်းပညာလဲ အတော်ကောင်းတယ် မူလဇာတ်ကြောင်းမှာတော့ သူက မူလပိုင်ရှင်ရဲ့  ဆရာဖြစ်ခဲ့တယ် ]
YOU ARE READING
SYSTEM 199 (completed)
Romanceအနေအေးပီး ပြည့်စုံချမ်းသာတဲ့ ချန်မင်ရီတစ်ယောက် မတော်တဆဖြစ်ပီး Systemနဲ့ ချိတ်သွားမိသွားရာ ဘာတွေဆက်ဖြစ်မလဲ
