ရှန်မင် သူ့ရင်ခွင်ထဲအိပ်ပျော်နေသော ကလေးကိုကြည့်ကာ ပြုံးလိုက်တယ် ထိုအချိန် ဖုန်းမြည်သံကြားတာကြောင့်အမြန်ကိုင်လိုက်တယ်
'boss ဒီနေ့  နိုင်ငံခြားက ရှယ်ယာရှင်တစ်ဦး ရောက်လာမှာပါ
အင်း ပြင်ဆင်စရာတွေ ပြင်ဆင်ထားလိုက် ငါလာခဲ့မယ် '
ဆက်သွယ်မှုဖြတ်တောက်လိုက်ပီး ရှန်မင် ကလေးပါးကို နမ်းကာ ရေချိုးလိုက်တယ် ပြန်ထွက်လာတော့ ကုတင်ပေါ် အိပ်ချင်မှုးတူးထိုင်နေသော ကလေး
" ကိုယ် ဒီနေ့  အလုပ်ကလေးရှိသေးတယ် ကလေး အိမ်မှာပဲနေ အလုပ်မသွားနဲ့ တော့ ကိုယ်ပြန်လာရင်
ကလေးစားချင်တာဝယ်ခဲ့မယ် ""အင်း နေ့လည်ကျ ကလေး လာခဲ့မယ်လေ နေ့လည်စာအတူစားရအောင် "
"ကလေးသဘော ကိုယ်ကားလွတ်လိုက်မယ် "
"ရတယ် ကလေးဘာသာလာခဲ့မယ် ဒီနားလာခဲ့  နက်ကတိုင်စည်းပေးမယ် "
ရှန်မင်လည်း လက်ယက်ခေါ်နေသောကလေးအနားသွားကာ ငုံ့ပေးလိုက်တယ်
" ချစ်တယ်မွ " "ကိုယ်လည်းချစ်တယ် "ရှန်မင်ထွက်သွားတော့ ထျန်းကျန်းဖုန်းလေးမြည်လာတယ်
' ကျန်းကျန်း ကျောင်းမလာဘူးလားမနက်ဖြန်မှပဲလာတော့မယ်
အေးပေါ့ကွာ 'ထျန်းကျန်း မနေ့ညကအကြောင်းပြန်တွေးမိတော့ မျက်နှာပူလာရတယ် စောစောကအရမ်းနာပေမယ့် မင်လုံဆီကဆေးကြောင့် သက်သာသွားတယ် ဒါကြောင့် သူချစ်သူနဲ့  အတူစားဖို့  ထမင်းဘူး ထပြင်ဆင်လေတယ်
"သခင်မလေး စုံစမ်းခိုင်းထားတာရပါပီ"
ကမ်းပေးလာသော စာရွက်စာတမ်းတွေကို ဆံပင်ခပ်မြင့်မြင့် နူတ်ခမ်းနီရဲရဲ ရင်သားကို မသင့်တော်စွာဖော်ထားသော ကိုယ်ကျပ် ဂါဝန်ကိုဝတ်ဆင်ထားပီး ပေါင်သားတွေကို ထင်ပေါ်စေတယ် စာရွက်ထဲက အချက်အလက်တွေကို ဖတ်ပီးနောက်မှာတော့ နီရဲနေသော နူတ်ခမ်းသားတွေက ဖွင့်ဟလာကာ" ထျန်းကျန်းတဲ့လား sorry ကောင်လေး မင်းက ငါ့လူတွေ ထိတော့ မင်းအတွက်သေလမ်းပဲရှိတယ် "
![](https://img.wattpad.com/cover/243052737-288-k449469.jpg)
YOU ARE READING
SYSTEM 199 (completed)
Romanceအနေအေးပီး ပြည့်စုံချမ်းသာတဲ့ ချန်မင်ရီတစ်ယောက် မတော်တဆဖြစ်ပီး Systemနဲ့ ချိတ်သွားမိသွားရာ ဘာတွေဆက်ဖြစ်မလဲ