မုချင်းချင်း လော့အန်းက ဟွာရင်းရင်းနဲ့ အတူ အိပ်စက်တယ်လို့ ကြားတော့ သူ့ ဒေါသဟာ ပိုကြီးမားလာတယ် ဒါကြောင့် သူဟာ ဟွာရင်းရင်းကို ရှင်းထုတ်နိုင်မဟ့်နည်းကိုအမြဲစင်းစားနေခဲ့တယ်
ရင်းရင်း ကတော့ လော့အန်းရဲ့ အလိုလိုက်မှု ဂရုစိုက်မှုနဲ့  ချစ်တက်မှုတွေကြောင့် အပျော်ကြီးပျော်နေလေတယ်
ချန်ခမ်းကျစ် ဒီမြိုဟ့ရောက်နေတာ တစ်လပြည့်နေပီ ဖြစ်သော်လည်း မယ်တော်နဲ့ ပတ်သပ်၍ တစိုးတစတောင် သိခွင့်မရသေးတာကြောင့် စိတ်ပျက်လာတယ်
ထိုညကဈေးမှာတွေ့ ခဲ့တဲ့  ကောင်လေးအကြောင်း စုံစမ်းပြန်တော့လဲ တစ်ခုခုက လိုက်နှောက်ယှက်ပြန်တယ်
ထိုကလေးကို သူ့ မယ်တော်နဲ့  ပတ်သပ်နေမယ်ထင်တာကြောင့် လိုက်စုံစမ်းမိနေခြင်းဖြစ်တယ်
* ဟမ် မယ်တော် တကယ်ပဲဘယ်ရောက်နေလဲ ညီမတော်လား ညီတော်လားမသိပေမယ့် သူရော ကျန်းမာပါရဲ့ လား ကွှန်တော် တွေ့ ချင်လှပီ ပုန်းရှောင်မနေပဲ
ထွက်လာပါတော့ ဟူး*
အရင်က ဟန်တိုင်းပြည်ဟာ ယခုကဲ့သို့  အင်အားမကြီးသလို သေးငယ်ပီး သာယာတဲ့ တိုင်းပြည်ငယ်လေးပေါ့
လူတွေဟာ လောဘကြီးကြတယ် ဟန်တိုင်းပြည်ရဲ့  သာယာလှတဲ့ နေရာတွေဟာ စစ်မြေပြင်အဖြစ်ပြောင်းလဲသွားခဲ့တယ် အဲ့ဒီစစ်ကြောင့်ပဲ သူ့ ခမည်းတော်ကိုဆုံးရှုံးခဲ့ရသလို မယ်တော်ဟာလဲ ပျောက်ဆုံးသွားခဲ့တယ်
သူ့ကိုတော့ စစ်သူကြီးတစ်ယောက်က ဖွက်ထားပေးခဲ့တာကြောင့် အသက်ဘေးလွတ်မြောက်ခဲ့တယ်
မယ်တော်မှာ မွေးဖွားခန်းနီး ဖြစ်နေချိန်ဖြစ်တယ်
သူအသက် ဆယ်ခြောက်နှစ်အရွယ်ရောက်တော့ သူ့ ရဲ့ သစ္စာခံတွေနဲ့ အတူ ဟန်ကို ပြန်သိမ်းယူခဲ့တယ် ပီးတော့ နဂိုထက်ပိုတိုးတက်အင်အားကြီးအောင်လုပ်ဆောင်ခဲ့တယ် ဒါပေမယ့် သူပျော်မနေပါ သူ့ မိသားစုကို ယနေ့ထိ ရှာဖွေ မတွေ့ ရှိသေးတာကြောင့်ဖြစ်တယ်
နန်းတက် ခြောက်နှစ်ရှိပီဖြစ်သော်လည်း မိဖုရားတစ်ယောက်မှမရှိ တစ်ကိုယ်တည်း လူပျိုကြီးလုပ်နေလေတယ်
ВЫ ЧИТАЕТЕ
SYSTEM 199 (completed)
Любовные романыအနေအေးပီး ပြည့်စုံချမ်းသာတဲ့ ချန်မင်ရီတစ်ယောက် မတော်တဆဖြစ်ပီး Systemနဲ့ ချိတ်သွားမိသွားရာ ဘာတွေဆက်ဖြစ်မလဲ
