အပိုင်း (၂၈)

7K 928 198
                                    


(Unicode)

အဆက်မပြတ်မြည်လာသောဖုန်းသံကြောင့် မနက်ခင်းကိုစိတ်မကြည်မလင်ဖြင့်စတင်လိုက်ရသည်။ ဖုန်းကိုနားပေါ်တင်ရင်း လက်နှစ်ဖက်ကိုပိုက်ထားလိုက်သည်။ တစ်ညလုံးဖွင့်ထားခဲ့သော အဲယားကွန်းက ယခုမှအအေးဓာတ်ကဲနေသယောင်.....။

"ဟဲလို"

ခေါ်ဆိုသူကိုမကြည့်ဘဲဖုန်းကိုင်လိုက်မိသည်ကို တစ်ဖက်ကဖေဖေ့အသံထွက်ပေါ်လာမှနောင်တရမိချိန်တွင် လွန်ချေပြီ။

"-----"

"အစောကြီးပဲရှိသေးတာကို ဖေဖေကလည်း"

အကွာအဝေးသည်အရာဝတ္ထုများကိုသာသေးငယ်စေသည်မဟုတ်။ ကြောက်စိတ်ကိုလည်း လျော့ပါးစေသည်။ ကိုယ့်အခန်းထဲတွင်ရှိနေသည်ဟူသောအသိစိတ်ကြောင့် အခုချိန်၊ Dining Room ထဲတွင်ရှိနေမည့်ဖေဖေ့၏ Breakfast လာစားရန်ခေါ်ယူသောစကားကို အငေါ်တူးမိသည်။

"မင်းကသာစောနေ...၊ ဒီမှာမင်းသူငယ်ချင်းတွေအကုန်လုံးရောက်နေပြီ"

မျက်လုံးထဲတွင် လူလူ့ပခုံးပေါ်မှီနေသော တက်ထွဋ်လူမျက်နှာကြီးမြင်လာသည်မို့

"အဲ့ကောင်တွေက သားသူငယ်ချင်းမှမဟုတ်တာ"

"ဘာ...၊ မင်းသားခေတ်နဲ့ရန်ဖြစ်ထားကြပြန်ပြီလား"

*ဖေဖေဘာတွေပြောနေတာလဲ။ လူလူနဲ့ဘာလို့ရန်ဖြစ်ရမှာလဲ*

ဖုန်းပြောနေရင်းမှ အအေးဓာတ်ကပိုလာသည်မို့ ရီမုဒ် ရှာရန်နောက်ကျောဘက်ဆီကစားပွဲဆီသို့နောက်ပြန်တစ်ချက်ကြည့်ရင်း လက်လှမ်းလိုက်သည်။ လှိုက်ခနဲဖြစ်သွားသောလစ်ဟာမှုကြောင့် ရုတ်တရက်ထထိုင်လိုက်ရာ ဖုန်းကကြမ်းပြင်ပေါ်သို့လွတ်ကျသွားခဲ့သည်။

စားပွဲခုံအသေးစားလေးတစ်ခုသာခြားသောတစ်ဘက်ကတစ်ယောက်အိပ်ခုတင်လေးတွင် ကြီးစိုးယုံကြည်ထားခဲ့သလို လူလူရှိမနေခဲ့။ ခေါင်းထဲတွင်မိနစ်ပိုင်းမျှ ဟာလာဟင်းလင်းကြီးဖြစ်သွားခဲ့သည်။

"ဖြေနေရင်းနဲ့စာတွေမမှတ်မိရင်ရေသောက်လိုက်၊ အဲ့ဒါဆိုဦးနှောက်ကမှတ်ဉာဏ်တွေပြန်ဖော်ပေးလိမ့်မယ်"

သူ့လူ (သူ႕လူ)Where stories live. Discover now