အပိုင်း (၁၂)

7.2K 1K 52
                                    


(Unicode)

*ဘလိုင်းကြီးဘာလားဟ*

Thank You သာပြောသွားတာ...မသိရင်ကိုယ်ကပဲသူ့ပိုင်ပစ္စည်းတစ်ခုခုကို မတရားယူထားမိသလိုလို။ ကျောပိုးအိတ်တစ်လုံးအတွက်ဒီလောက်ဖြစ်စရာမလိုဘူးမလား…။ ကိုယ်ကလည်းဟိုပုတက်လေးအိတ်ထင်ပြီး သူမနိုင်မနင်းဖြစ်နေလို့လွယ်ထားပေးလိုက်တာပါ။ ခုတော့သက်သက်ကြီးအကျောခံလိုက်ရတယ်။ ဟိုလူနမူနာလေးကဖြင့် ဟိုကောင်ရောက်လာတည်းက လှစ်ခနဲပြေးသွားတာအမြီးတောင်မမြင်ရဘူး။ သူငယ်ချင်းကိုအဲ့လောက်ကြောက်စရာမလိုဘူးမလား...။

တက်ထွဋ် စိတ်ပေါက်ပေါက်နှင့်တံခါးကို ဆောင့်ဆွဲပြီးဖွင့်လိုက်တော့ တစ်ခန်းလုံးကလှမ်းကြည့်သည်။ သို့သော် မျက်လုံးပေါင်းများစွာထဲက တတိယတန်းမှသူ့ကိုစိုက်ကြည့်လာသော ကြီးစိုးသူကိုသာပြန်တုန့်ပြန်ကြည့်မိသည်။ ကောင်မလေးတချို့က သူနှင့်ကိုယ်နဲ့ပတ်သက်ပြီး Fan ခွဲကြရင်းက ပြဿနာဖြစ်ကြသည်အထိဖြစ်ကြသည်ဟု ကြားဖူးသော်လည်း ကာယကံရှင်နှစ်ယောက်ကတော့ ဒီနေ့ဒီချိန်ထိဘာအကန့်မှမရှိခဲ့။ ချစ်ခြင်းမုန်းခြင်းရှိဖို့ဝေးစွ၊ စကားတောင်မပြောဖူးခဲ့ကြသည့်အနေအထားတွင် အခုတော့နှစ်ယောက်သားတစ်ယောက်နှင့်တစ်ယောက် ပေါက်ထွက်မတတ်စိုက်ကြည့်နေမိကြသည်။

"ဟေ့ရောင် ငထွဋ်ထိုင်လေ"

လက်မောင်းကိုလှမ်းရိုက်ရင်းပြောလိုက်သောမင်းသူရကြောင့် တက်ထွဋ် အကြည့်ကိုလွှဲလိုက်သည်။ ရှေ့ဆုံးတန်းတွင်ဝင်ထိုင်ရင်း ကျောပိုးအိတ်ကိုခုံပေါ်ပစ်တင်လိုက်သည်။

"မင်းဘာဖြစ်နေတာလဲ"

ကိုယ်ကိုယ်တိုင်လည်းဘာဖြစ်နေမှန်းမသိသဖြင့် လည်ပင်းမှာချိတ်ထားသော Headphone ကိုတပ်ပြီး သီချင်းနားထောင်နေလိုက်သည်။ အရင်တည်းကပေါင်းလာသူမို့ သူ့အပြုအမူကိုမင်းသူရလည်း အထွေအထူးပြောမနေတော့ဘဲ နောက်တန်းကိုလှည့်ပြီး စကားပြောနေလိုက်တော့သည်။

အင်္ဂလိပ်စာဆရာထွက်သွားတော့ အခန်းထဲကိုဝင်လာသူကြောင့် တစ်ခန်းလုံးတွင်ညည်းညူသံများညံသွားတော့သည်။

သူ့လူ (သူ႕လူ)Onde histórias criam vida. Descubra agora