အပိုင်း (၃၁)

6.7K 860 51
                                    

(Unicode)

ညနေကအန်တီသဲ Shock ရပြီးမူးလဲသွားသည်မို့ နှောင်းခေတ်တို့သုံးယောက်လုံးရုတ်ရုတ်သဲသဲဖြစ်သွားခဲ့ရသည်။ အန်တီသဲညီမတို့လင်မယားရောက်လာပြီး လိုအပ်သည်များစီစဉ်ပေးသွားသည်မို့တော်တော့သည်။ မဟုတ်လျှင် နှောင်းခေတ်တို့ကလေးတွေချည်း ဘာလုပ်လို့ဘာကိုင်ရမှန်းပင်သိမည်မဟုတ်။

အန်တီသဲညီမ အန်တီလေးတို့က ဖွားချစ်နှင့်အန်တီသဲအတွက်လိုအပ်သည်များအိမ်ပြန်ယူချိန်တွင် တက်လူကိုစိတ်မချ၍ မင်းသူရနှင့်နှောင်းခေတ်ကအလှည့်ကျနှင့်ထမင်းထွက်စားပြီး တက်လူဘေးတွင်တစ်ယောက်ကအစောင့်အနေဖြင့်ရှိနေပေးဖြစ်သည်။ နှောင်းခေတ်၊ တက်လူအတွက် ညစာဝယ်နေရင်းကျမှ သူ့ကိုဖုန်းပြန်ဆက်မယ်ပြောပြီးမဆက်မိသည်ကိုသတိရမိသည်။ သူဖုန်းမျှော်နေပေတော့မည်။

~လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင်~

ဖုန်းကိုပါးမှခွာကာကြည့်မိတော့ ည (၉) နာရီဝန်းကျင်ခန့်ရှိပြီ။ ပုံမှန်သည်အချိန်မအိပ်တတ်သူမို့ စိတ်ပူသွားမိသော်လည်း မင်းသူရဆီကအမြန်ပြန်လာရန်ဖုန်းဆက်လာသည်မို့ မှာထားသည့်ပါဆယ်ဘူးကိုဆွဲကာ ဆေးရုံဆီသာပြန်ခဲ့လိုက်တော့သည်။

"တက်လူရော"

အရေးပေါ်ခန်းရှေ့တွင် မင်းသူရကိုသာတွေ့သည်မို့မေးမိတော့

"အန်တီသဲအခန်းထဲမှာ"

နှောင်းခေတ်သက်ပြင်းချရင်း

"မင်းညစာသွားစားလိုက်တော့လေ"

မင်းသူရလည်းခေါင်းတစ်ချက်ညိတ်ပြကာ လေးပင်သောခြေလှမ်းများဖြင့်ထွက်ခွာသွားတော့သည်။ မင်းသူရထွက်သွားပြီးမကြာမီ အန်တီလေးတို့ပြန်ရောက်လာသည်မို့ အန်တီလေးအမျိုးသားကို အရေးပေါ်ခန်းရှေ့ချန်ခဲ့ကာ နှောင်းခေတ်နှင့်အန်တီလေးက အန်တီသဲအခန်းဆီသို့ထွက်လာခဲ့လိုက်သည်။

"လူနာက စိတ်ဖိစီးမှုကြောင့်ရော၊ ခန္ဓာကိုယ်ကအားနည်းနေတဲ့အတွက်ကြောင့်ပါ ရှော့ခ်ရသွားတဲ့သဘောပါ။ အခုကတော့အခြေအနေတည်ငြိမ်သွားပြီဆိုပေမယ့် လူနာကိုစိတ်ချမ်းသာအောင်ထားပေးပါ"

သူ့လူ (သူ႕လူ)Where stories live. Discover now