အပိုင်း (၂၇)

7.2K 917 147
                                    


(Unicode)

Check-in ချိန်က မနက် (၉:၄၅) ဖြစ်တာကြောင့် ကားပိတ်တာနှင့်ဆိုလျှင် ဦးညိုကိုနှစ်ခေါက်လိုက်ပို့ခိုင်းလို့အဆင်မပြေသဖြင့် တီမာကိုယ်တိုင်က အန်တီသဲလာကြိုပေးမည်ဆိုသည်ကို လက်ခံလိုက်တော့ ဧည့်ခန်းထဲတွင် အသီးထိုင်စားနေရင်းက အနားကပ်ကာကြိတ်ကြိတ်ကြိတ်ကြိတ်ပြောလာသည်။

"မနက်ဖြန်ကျ ငါ့ကားနဲ့ပဲသွားမှာနော်"

"လူများနေတာကိုဘယ်လိုလုပ်မှာလဲ"

မေးမိတော့ ပခုံးတွန့်ပြသည်။ သူနှင့်တော့ခက်ပါသည်။

-------------------------------------------------------------

အန်တီသဲတို့ကားဝင်လာသည်နှင့် တက်လူကကားပေါ်ကလက်လှမ်းပြသည်။ မနက်ခင်းတွင်အလန်းဆန်းဆုံးအပြုံးနှင့်နှုတ်ဆက်တတ်သူကိုမြင်တော့ မဆီမဆိုင်၊ အိပ်ရာထလျှင်အမြဲစူပုပ်ပုပ်ဖြစ်နေတတ်သောမျက်နှာတစ်ခုကို သွားမြင်ယောင်မိသည်။

"ခေတ်...လာ...။ အထုပ်တွေရော.."

တက်လူကကားပေါ်ကဆင်းလာရင်းမေးတော့ သူကခပ်လှမ်းလှမ်းကကြည့်နေသည်။

"မာမာ တချို့အထုပ်တွေမဆံ့ရင် သဲကားပေါ်တင်လို့ရတယ်နော်"

အန်တီသဲကပါ ကားပေါ်ကဆင်းလာရင်းပြောတော့ တက်လူကနှောင်းခေတ်လက်ထဲက Luggage ကိုယူကာ ကားနောက်ဖုံးထဲထည့်လိုက်သည်။ သူကခဏလောက်ရပ်ကြည့်နေရင်းမှ ဦးညိုကားပေါ်တက်သွားလိုက်သည်ကို တွေ့လိုက်ရသည်။ ကားပေါ်မတက်ခင် အကြည့်ချင်းဆုံမိတော့ ခံစားလိုက်မိသောသူ့မျက်ဝန်းကပြောစကားကြောင့် အယောင်ယောင်အမှားမှားဖြစ်လိုက်ပုံများ ကားနောက်ခန်းထဲကနေပြီး မင်းသူရပြုံးပြသည်ကိုပင် ပြန်ပြုံးပြမိလား၊ မပြုံးပြမိလား မသေချာ။

"ကဲ...စုံပြီဆိုရင်သွားကြရအောင်...။ တော်ကြာကားပိတ်တာနဲ့ဘာနဲ့ဆိုရင် ဒီအချိန်လောက်ထွက်တာအတော်ပဲ"

"ခေတ် လာလေ"

ကားတံခါးဆွဲဖွင့်ကာပြောလာသော တက်လူကိုအားနာသလိုတစ်ချက်ကြည့်ရင်း

"မေမေနဲ့ တီမာတို့နှစ်ယောက်က အန်တီသဲတို့နဲ့လိုက်တာက ပိုအဆင်ပြေမယ်ထင်တယ်။ အဲ့ဒါဆို စကားပြောဖော်ရတော့ အန်တီသဲလည်း မပျင်းရတော့ဘူးပေါ့။ ရတယ်မလားအန်တီသဲ"

သူ့လူ (သူ႕လူ)Tempat cerita menjadi hidup. Temukan sekarang