အပိုင်း (၁၁)

6.8K 1K 101
                                    


(Unicode)

သူကသူရဲ့ပျောက်ဆုံးနေတဲ့တစ်ခြမ်းကို ရှာတွေ့သွားပြီးတဲ့နောက် နှောင်းခေတ်ကတော့ ဘဝတစ်ခုလုံးပျောက်ဆုံးသွားခဲ့တော့သည်။ ရင်မဆိုင်ရဲစွာ၊ ညစာပင်မစားဘဲအိပ်ရာဝင်ခဲ့တော့ မနက်နိုးနိုးချင်းဗိုက်ထဲကကောင်တွေက တော်တော်ကိုထကြွနေကြသည်။ ဗိုက်ဆာဆာရှိသည်နှင့့်၊
စားပွဲပေါ်ရှိရေခရားထဲကရေကို တစ်ဝက်ကျော်လောက်ထိခွက်ထဲကိုလှယ်ပြီး ဆက်တိုက်သောက်ချလိုက်သည်။ နှောင်းခေတ် ခွက်ထဲကလက်ကျန်ရေကိုမော့နေတုန်း ရုတ်တရက်ကြီးတံခါးဖွင့်ကာဝင်လာသူကြောင့် ရေပင်သီးကုန်သည်။

"အဟွတ် အဟွတ်"

သူကချက်ချင်းပင် ကုတင်နားပြေးလာပြီး ကျောကိုပုတ်ပေးရင်းက

"မြင်လိုက်ရတိုင်း စိတ်ချရတယ်ကိုမရှိဘူး။ ဘယ်သူကလုသောက်မှာမို့လို့လဲ"

နှောင်းခေတ်သူ့လက်ကိုဖယ်ချရင်း

"စောစောစီးစီးငါ့အခန်းကိုဘာလာလုပ်တာလဲ"

"ညကအစောကြီးအိပ်သွားလို့ နေများမကောင်းလို့လားလို့ဝင်ကြည့်သေးတယ်"

သူည (၉) နာရီလောက်ပြန်ရောက်လာပြီး အခန်းထဲဝင်လာကြည့်သည့်အချိန်ထိ နှောင်းခေတ်နိုးနေခဲ့ပါသည်။ နှောင်းခေတ်ကပဲသရုပ်ဆောင်ကောင်းလွန်းသလား... သူကပဲမသိကျိုးကျွန်ပြုနိုင်လွန်းသလား… နဖူးကိုအသာစမ်းကြည့်ပြီး စကားတစ်ခွန်းမှမဆိုဘဲ သူပြန်ထွက်သွားခဲ့သည်။

ဂွီ~

သူကသဘောတကျရယ်ရင်း

"အဲ့ကိစ္စကြောင့်လာတာ...ထ။ ညကလည်းဘာမှမစားထားတော့ဗိုက်ဆာနေမှာပေါ့"

"ငါရေမချိုးရသေးဘူး"

"အဲ့ဒါဆိုမြန်မြန်လုပ်...ပြီးရင်ရွှေတောင်ခေါက်ဆွဲ သွားစားမယ်"

"အိမ်မှာမစားဘူးလား"

"အင်း...ဦးညိုကိုခေါ်ထားတယ်။ ပြီးရင်ထွက်လာခဲ့"

------------------------------------------------------------

စမ်းချောင်းမြို့နယ်ထဲရှိ အိုဆာကာရွှေတောင်ခေါက်ဆွဲဆိုင်ကိုရောက်တော့ သူကကားပေါ်ကအရင်ဆင်းသွားသည်။ ဝင်ဝင်ချင်းကစားပွဲမှာဝင်ထိုင်ရင်း အရှေ့ဘက်ကိုသာကြည့်နေသည်မို့

သူ့လူ (သူ႕လူ)Donde viven las historias. Descúbrelo ahora