အပိုင်း (၃၃)

7.6K 871 60
                                    


(Unicode)

တံခါးလက်ကိုင်သတ္တုပြားလေးပေါ်တွင် ရင်တွင်တက်တူးထိုးထားသကဲ့သို့ စွဲထင်ကျန်ရစ်သောဂဏန်းများကိုရိုက်နှိပ်လိုက်သည်။

ကျွီ~

ခွပ်!!

တံခါးဖွင့်ဝင်လျှင်ဝင်ချင်းပစ်ဝင်လာသောလက်သီးချက်ကြောင့်မိုက်ခနဲဖြစ်ကာ ကြမ်းပြင်ပေါ်သို့ ပစ်လဲကျသွားခဲ့သည်။

"သား!"

မေမေကစိုးထိတ်စွာအော်ရင်း ကြီးစိုးကိုပွေ့ထူလာခဲ့သည်။

"မင်းခုဘယ်ကပြန်လာတာလဲ ကြီးစိုးသူ!"

မေမေက ကြီးစိုး ဘယ်ဘက်အောက်နှုတ်ခမ်းစွန်းကို လက်ချောင်းနှင့်အသာတို့ထိရင်း

"ရှင်ဘယ်လိုလုပ်လိုက်တာလဲ ဦးသီဟသူ!"

"မင်းကိုငါမေးနေတယ်လေ!"

"ဆေးရုံက"

ကြီးစိုး၏တိုးတိတ်တိုးလျစွာဖြေဆိုသံသည် ဖေဖေ့တောက်ခေါက်သံကြား ငုပ်လျှိုးကွယ်ပျောက်သွားခဲ့ရသည်။

"မင်းကိုညကြီးမင်းကြီးမို့ မနက်ကျမှငါတို့နဲ့အတူသွားမယ်လို့ မပြောခဲ့ဘူးလား"

*ဟုတ်တယ်။ သားမသွားခဲ့ရမှာ*

"မင်းခုလိုမပြောမဆိုကြီးပျောက်သွားတော့ ငါနဲ့မင်းအမေဘယ်လောက်စိတ်ပူသွားမလဲ မင်းနားမလည်ဘူးလား"

အဖြေမလိုသည့်မေးခွန်းမို့ ကြီးစိုးနှုတ်ဆိတ်လျက် ကြမ်းပြင်ကိုသာငေးကြည့်နေမိသည်။

"သားခေတ်သာ မင်းအိမ်ပြန်ရောက်ပြီလားဖုန်းဆက်မမေးရင် ငါတို့မင်းကို ဘယ်လိုက်ရှာလို့ရှာရမှန်းတောင်သိမှာမဟုတ်ဘူး"

လူ့ဦးနှောက်သည်အမည်နာမများကို နားစည်ကိုလာရိုက်ခတ်သည့်လေလှိုင်း၏တုန်ခါနှုန်းနှင့်ခွဲခြားမှတ်သားကြသည်ဟုကြားဖူးသည်။ သို့သော် လူလူ့နာမည်ကြားတိုင်းတုံ့ပြန်တတ်သော ဝဲဘက်ရင်အုံ၏ငြိမ်သက်စွာခုန်ပေါက်မှုသည် ထိုအယူအဆကိုမေးခွန်းထုတ်သည်။

"ဟေ့ကောင် ငါမေးနေတယ်လေ!"

ဖေဖေ့မေးခွန်းကိုမကြားလိုက် (ကြားလျှင်လည်းဖြေဆိုနိုင်မည်မဟုတ်) သဖြင့်

သူ့လူ (သူ႕လူ)Où les histoires vivent. Découvrez maintenant