အပိုင်း (၁၉)

6.6K 998 99
                                    


(Unicode)

"မင်းအဝတ်အစားတွေချွတ်လို့ပြောနေတယ်... မင်းနားကန်းနေလား!"

"ဘာ...ဘာဖြစ်လို့လဲ ကြီးစိုး...ငါဘာလုပ်မိလို့လဲ"

"အပိုတွေမပြောချင်ဘူး။ အခုချွတ်ပြီးငါ့ရှေ့မှာအဝတ်အစားပြန်လဲပြ"

နှောင်းခေတ်သူ့ကိုဘယ်လိုမှနားမလည်နိုင်တော့။ရှက်တာရော...၊ ဝမ်းနည်းတာရောပေါင်းပြီးလူကပူထူလာသည်။

"ဟာ...ကြာတယ်ကွာ..."

ပြောပြောဆိုဆို တီရှပ်အောက်နားစကိုကိုင်ကာ အတင်းဆွဲချွတ်လာတော့ နှောင်းခေတ်ကြောက်အားလန့်အားရုန်းမိသည်။ တခြားသူဆို သေချာပေါက် ဒေါသနှင့်ဆွဲထိုးမိမှာပေမယ့် ယခုကိုယ့်ကို၊ ဘယ်တုန်းကမှမမျှော်လင့်ထားသော အပြုအမူနှင့်ရှက်ရွံ့သိမ်ငယ်အောင်လုပ်နေသူမှာ 'သူ' ဟူသောအသိကြောင့် မျက်ရည်တို့သာတသွင်သွင်စီးကျရင်း စကားလုံးတို့ကပြတ်တောင်းပြတ်တောင်းသာ ထွက်ပေါ်လာခဲ့သည်။

"ကြီးစိုး...မ..မလုပ်ပါနဲ့...ငါ...တောင်း..ပန်ပါတယ်...အင့်...ကြီးစိုး"

ရှိုက်သံသဲ့သဲ့ထွက်လာမှ နှောင်းခေတ်အင်္ကျီကိုဆုပ်ကိုင်ထားသော သူ့လက်တွေကပြေလျော့သွားသည်။ သူလွှတ်ပေးလိုက်သည်နှင့် နှောင်းခေတ်ကျွတ်ထွက်သွားသော အင်္ကျီဘယ်ဘက်လက်ကိုပြန်ဝတ်ဖို့ကြိုးစားမိသည်။ ကတုန်ကယင်ဖြစ်နေသည်မို့ အင်္ကျီလက်ပေါက်သည်  လက်ထုတ်လို့ဘယ်လိုမှအဆင်မပြေဖြစ်နေခဲ့သည်။ ထိုစဉ် နှောင်းခေတ်ဆီလှမ်းလာသောသူ့လက်များကြောင့် ကိုယ်ကိုအနောက်ကိုရွံ့ရင်း

"ငါ့ကိုမထိနဲ့!"

"ဘာ!"

အရှက်တရားနှင့်အကြောက်တရားရောပြွန်းထားသောဟန့်တားသံသည် သူ့မာနကိုထိခိုက်စေခဲ့သည်ဆိုလျှင် ဘယ်ဆီဘယ်ဝယ်ကမြစ်ဖျားခံခဲ့မှန်းမသိသော သူ့ဒေါသသံတို့သည် နှောင်းခေတ်ကိုအဆုံးစွန်ထိ ရှက်ရွံ့သိမ်ငယ်ခြင်းကိုဖြစ်စေခဲ့သည်ကိုသူသိသင့်သည်။

"ငါ့ရှေ့မှာကျလဲဖို့ခက်နေတယ်ပေါ့...။ ဒါမှမဟုတ် ဟိုကောင်တွေကနှစ်ယောက်ဆိုတော့ မင်းအတွက်ပိုအဆင်ပြေလို့လား"

သူ့လူ (သူ႕လူ)Où les histoires vivent. Découvrez maintenant