အပိုင်း (၂၂)

6.8K 994 125
                                    


(Unicode)

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်လျက်၊ ဟိုးအဝေးဆီကသီချင်းသံသဲ့သဲ့ကိုပင်ကြားနေရသည်။ တစ်ခါတစ်ခါအုန်းလက်လှုပ်ရုံမျှလေတိုးသံကြားတွင် ဘုန်းကြီးကျောင်းအနောက်ဘက် သစ်အိုပင်တွေဆီက ပုစဉ်းရင်ကွဲကောင်၏ အသံကျဉ်ကျဉ်လေးက ရံဖန်ရံခါ ထွက်ပေါ်လာတတ်သည်။ ကောင်းကင်ထက်တိမ်မျှင်တိမ်တန်းကြားမှာ လတစ်စင်း၊ ဘုန်းကြီးကျောင်းအနောက်ဘက်ကြာရွက်တွေကြားမှာလတစ်စင်း.....။

"မနက်ဖြန် ဘယ်နှနာရီကားလဲ"

လပြည့်ညတစ်ရက်သာပိတ်ပေးသည့် သူ့ဂိုက်ဆရာကိုပဲစိတ်တိုရမည်လား...၊ သူမအားတာကိုသိနေလျက်နှင့်တောင် သူ့ကိုဂျီကျမိသောကိုယ့်ကိုယ်ကိုဒေါသထွက်ရမည်လားမသိ။ သူ နှစ်ရက်နီးပါးကားပေါ်မှာအချိန်ကုန်ခဲ့ရသည်က ယခုလိုနာရီပိုင်းမျှအတူရှိဖို့မျှသာ။ ဒါကလည်း ဖုန်းပြောနေရင်း မိနစ်ပိုင်းမျှတိတ်ဆိတ်သွားမိခဲ့သည့်  နှောင်းခေတ်၏မသိတတ်ခြင်းများကြောင့်.....။

"မနက်စောကား...ညနေ (၆) နာရီကျ ဂိုက်လာမှာ...။ အဲ့ဒါအမီငါပြန်ရောက်ရမှာ"

"ငါ့ကြောင့် မင်းသက်သက်ပင်ပန်းသွားပြီ"

"လူလူ...မျက်လုံးမှိတ်ပြီး နားထောင်ကြည့်...။ အရမ်းနေလို့ကောင်းတာပဲ"

သူကတက်ထိုင်နေသောပျဉ်ပြား‎ေပါ် လက်နှစ်ဖက်ထောက်ရင်း၊ မျက်လုံးတွေမှိတ်ထားရင်းကပြောလာသည်။ ဝရံတာအပြင်ဘက်တွဲလျားချထားသော သူ့ခြေတံရှည်သွယ်သွယ်တို့သည် လေထဲတွင်စုန်ချီဆန်ချီရွေ့လျားရင်း ခြင်ပုန်းတွေရန်ကိုရှောင်နေရသည်။

သူနှင့်အတူဖြတ်သန်းဖူးသော  ညပေါင်းများစွာရှိခဲ့သော်လည်း ထူးထူးခြားခြားကုန်ဆုံးမှုမျိုးရယ်လို့မရှိတတ်ခဲ့။

တချို့ညများတွင် အိမ်ရှေ့ဝရံတာရှိ ဒါန်းအဖြူရောင်ပေါ်တွင်ထိုင်နေသော နှောင်းခေတ်ပေါင်ပေါ်သူအိပ်ရင်း၊ သူ့ဆံပင်တွေကြားလက်ထိုးဖွရင်း ရောက်တတ်ရာရာပြောကြမည်။ ညကဘယ်အချိန်ကအိပ်ပျော်သွားခဲ့မှန်းမသိသော်လည်း မနက်ရောက်လျှင်တော့ အိမ်နောက်ဆုံးခန်းရှိနှောင်းခေတ်ခုတင်ပေါ်တွင် နိုးထလာရမည်။ တရုတ်ကပ်ကတစ်ဆင့်နေရောင်ခြည်ဖျာကျလာချိန်တိုင်း...၊ ကျေးငှက်သံတွေစုံလာချိန်တိုင်း…၊ ညာဘက်အိပ်ရာထက်တွင် သူအမြဲရှိနေတတ်ခဲ့သည်။

သူ့လူ (သူ႕လူ)Wo Geschichten leben. Entdecke jetzt