အပိုင်း (၆)

7.9K 1.1K 60
                                    

(Unicode)

တစ်ခန်းလုံးတွင် ဇွန်းသံချိုင့်သံတွေအပြင် စကားပြောသံတွေပါအကုန်တိတ်ကျသွားပြီး အားလုံး၏အကြည့်တွေက ဆွဲတံခါးဝတွင်ရပ်နေသောသူ့ထံတွင် စုပြုံနေကြသည်။ ခြေလှမ်းကျဲကြီးတွေနှင့် သူနှောင်းခေတ်အနားလျှောက်လာတော့ အယောင်ယောင်အမှားမှားနှင့် မတ်တပ်ထရပ်မိသည်။

"ဘာလုပ်နေတာလဲ အဲ့ဒါက"

"ငါ....."

ဖြစ်ပြန်ပြီ။ ဒီလိုအခြေအနေမျိုး။ သူ့ကြောင့်...သူနှင့်ပတ်သက်လာလျှင် စကားလုံးတွေအကုန်လုံးက လည်ချောင်းဝတွင် တစ်ဆို့ကုန်သည်။ သူ့ကြောင့်နှောင်းခေတ်ဝမ်းနည်းရတာနောက်မှ၊  ယခုလောလောဆယ် နဖူးကြောတွေထောင်နေသည်အထိ ဒေါသထွက်နေသောသူ့ကို ရှင်းပြရန်သာအဓိကဖြစ်သည်။

"ယူ ဒီနေ့နောက်ကျတယ်..."

နှောင်းခေတ်ရှင်းပြရန်စကားလုံးရှာနေချိန်တွင် ထမင်းချိုင့်လေးဆွဲပြီးအနားလာရပ်ရင်း ကြီးစိုးကိုဦးတည်ပြီးပြောလာသည့်သူမ...။

"အာ...ဆောရီး...။ ကိုယ်တို့အခန်း Bio Tutorial ဖြေနေရလို့"

အရယ်တစ်ဝက်နှင့်ပြောသောသူ့စကားသံတို့တွင် ခုနကမိုင်ကုန်တင်ထားသောဒေါသတို့ကိုရှာမတွေ့တော့။ နှောင်းခေတ်သာဆိုလျှင်သူဒေါသပြေဖို့အရေး ဘယ်လောက်ကြာကြာရှင်းပြရမည်မှန်းမသိပါ။ ပထမဆုံးအကြိမ်အဖြစ် သူ့အတွက်နှောင်းခေတ်၏ဖြစ်တည်မှုနှင့်အရေးပါမှုကို မေးခွန်းထုတ်ကြည့်မိသည်။

"သွားရအောင်လေ...အေသင်ဗိုက်ဆာနေပြီ"

တင့်တယ်ပြောသည့် သူနေ့တိုင်းဒီအခန်းကိုလာသည်ဆိုသောစကားကို နားလည်လိုက်သည်။ နှောင်းခေတ်ကို နေ့လည်စာစားဖို့သက်သက် လာခေါ်သည်ဟုတွေးခဲ့မိသော အတွေးကြောင့် ကိုယ့်ဘာသာရှက်မိသည်။ ဒါနဲ့သူတို့က ထမင်းကိုဒီမှာမစားဘဲ ဘယ်မှာသွားစားမလို့လဲ။ နေပါစေ...မသိချင်တော့ဘူး။ သူတို့နှင့်အတူလိုက်ပြီးမျိုမကျမည့်ထမင်းလည်းလိုက်မစားချင်တော့.....။

"ခဏလေး အေသင်။ ကိုယ့်ငယ်သူငယ်ချင်းနဲ့မိတ်ဆက်ပေးချင်လို့"

သူ့လူ (သူ႕လူ)Where stories live. Discover now