အပိုင်း (၂၉)

6.9K 884 97
                                    


(Unicode)

မျက်တောင်ကိုတဖျပ်ဖျပ်ခတ်ရင်း သူနှောင်းခေတ်ကိုစိုက်ကြည့်နေခဲ့သည်။ ယခု တက်လူနှင့်နှောင်းခေတ်ကဘေးချင်းယှဉ်လျက် သူကနှောင်းခေတ်နှင့်မျက်နှာချင်းဆိုင်တွင် မလှုပ်မယှက်ရပ်နေခဲ့သည်။ မင်းသူရက မြေပြင်ပေါ်တွင်ချထားသော ရာဘာကွင်းကိုကောက်ယူရင်း သူ့ဘေးယှဉ်ရပ်လာသည်။

"ဒါဆိုမင်းတို့အရင်ပစ်ရမှာပေါ့"

မင်းသူရလှမ်းပေးလာသောကွင်းကိုကိုင်ရင်း နှောင်းခေတ်ထိုနေရာမှာပင်ရပ်နေမိသည်။ သူသည်လည်း ယခုထိအကြည့်မလွှဲသေး။

"ဒါဆို စည်းတားလိုက်မယ်နော်"

တက်လူကအနီးကသစ်ကိုင်းခြောက်တစ်ခုကိုယူပြီး နှောင်းခေတ်နှင့်မလှမ်းမကမ်းတွင် မျဉ်းတစ်ကြောင်းဆွဲလိုက်သည်။

"ခေတ် နေရာယူရအောင်"

လက်မောင်းတစ်ဖက်ကဆွဲခေါ်တော့ အသိလွတ်စွာ လိုက်ပါမိသည်။ သူ့အကြည့်တွေကတော့ နှောင်းခေတ်ဆီကဖယ်ခွာ၍ တက်လူတားလိုက်သောစည်းကိုသာ စက္ကန့်အတော်ကြာကြာငေးကြည့်နေခဲ့သည်။ တလှုပ်လှုပ်ဖြစ်နေခဲ့သော သူငယ်အိမ်လေးသည်တည်ငြိမ်သွားပြီးနောက် သူ့နှုတ်ခမ်းတစ်ဖက်ကွေးတက်သွားခဲ့သည်။ အကြောင်းပြချက်ရယ်လို့ တိတိပပမရှိေပမယ့်၊ နှောင်းခေတ်စိတ်ထဲ မသိုးမသန့်ခံစားလိုက်ရသည်။

ပွဲစသည်နှင့်နှောင်းခေတ်ခံစားချက်မမှားမှန်းသိလိုက်ရတော့သည်။ တစ်ခါတစ်ရံမင်းသူရပစ်သည်ကလွဲ၍ အစိမ်းရောင်ရာဘာကွင်းလေးသည် နှောင်းခေတ်ထံယောင်မှား၍ပင် ရောက်မလာခဲ့။ ထိုမျှမဟုတ် တက်လူပစ်သောကွင်းက မင်းသူရဆီသို့်ဦးတည်ပျံသန်းလျှင်တောင် ကြီးစိုးက၊ ပြေးလမ်းကိုဖြတ်ကာလုယူသည်အထိမို့ ကြာလာတော့သူတို့နှစ်ယောက်တည်း ဆော့နေသည့်ကစားပွဲလိုပင် ဖြစ်လာခဲ့သည်။

စုန်ချီဆန်ချီပြေးလွှားနေသော ရာဘာကွင်းလေးနှင့်မခြားနားစွာ နှောင်းခေတ်သည်လည်း ရင်ဖိုစိတ်မောနေရတော့သည်။ ကစားချိန်ကြာလာသည်နှင့်အမျှ၊ သူ့တစ်ကိုယ်လုံးချွေးတို့ဖြင့်ရွှဲနစ်လာကာ သူပစ်လာသောကွင်း၏အရှိန်လည်းပျော့လာခဲ့သည်။

သူ့လူ (သူ႕လူ)Donde viven las historias. Descúbrelo ahora