True Love Waits

5.7K 737 80
                                    


(Unicode)

💞V Day Special💞

Desktop ပေါ်ရှိ Folder နာမည်လေးကိုဖတ်ရင်း နှောင်းခေတ်စိတ်လှုပ်ရှားနေမိသည်။ Folder တစ်ခုလုံးထဲတွင် လချီပြီးကြိုးစားထားခဲ့သမျှအရာအားလုံးစုဆုံနေသည်။

"ညီ မနက်ဖြန်အတွက်အားလုံးအဆင်သင့်ဖြစ်ပြီနော်"

"ဟုတ်ကဲ့ ကိုရဲ။ ပွဲမိန့်လည်းရပြီးသားဆိုတော့ ကျန်တာအားလုံးကအဆင်ပြေပါတယ်"

"ဖျော်ဖြေရေးအတွက်လည်းအဆင်ပြေတယ်နော်"

"ပင်တိုင်အဆိုတော်နဲ့လည်း မနက်ကပဲထပ်ပြီး Confirm လုပ်ထားတယ်။ ကျန်တာတော့ ကျွန်တော်တို့အဖွဲ့ရဲ့ဝါသနာရှင်တွေလက်ထဲပဲအပ်ရမှာပဲ"

"ကျန်တဲ့အစားအသောက်တို့၊ လက်ဆောင်တို့က သီရိတို့စီစဉ်တာနော်"

"ဟုတ်တယ်ကိုရဲ။ အတွက်အချက်တွေ စာရင်းအင်းတွေကျ သူတို့ Business Major က အသင့်တော်ဆုံးပဲလေ"

နှောင်းခေတ်စကားဆုံးတော့ နှစ်ယောက်လုံးမတိုင်ပင်ဘဲရယ်ဖြစ်ကြသည်။ ထိုမှသာ မနက်ဖြန်အတွက် စိတ်ပူပင်မှုများအနည်းငယ်လျော့သွားသလိုလိုခံစားလိုက်ရသည်။

မနက်ဖြန်.....

ချစ်သူများနေ့.....

နှောင်းခေတ်တို့လူငယ်များဦးဆောင်ပြီးကျင်းပသည့် ချစ်သူများနေ့အထိမ်းအမှတ် အထူးအစီအစဉ်လေးစတင်သက်ဝင်မည့်နေ့.....။

ဆယ်တန်းအောင်ပြီးတော့ ရွေးချယ်ဖြစ်သည့်တက္ကသိုလ်တွင် ကိုရဲ (ကိုရဲမြတ်ညီ) နှင့်စတင်ရင်းနှီးခဲ့သည်။ မေဂျာတူစီနီယာဖြစ်သည့်အပြင် နှောင်းခေတ်တို့ Social Science မေဂျာ၏ကျောင်းသားခေါင်းဆောင်ဖြစ်သည်မို့ သတိထားမိခဲ့ခြင်းကြောင့်လည်းပါသည်။ စာသင်နှစ်တစ်လျှောက်လုံးတွင် ကျောင်းလုပ်ငန်းစဉ်များတွင်အတူပါဝင်ဖြစ်ခဲ့ပြီး စာသင်နှစ်လေးနှစ်ပြီးဆုံး၍ကိုရဲတို့ဘွဲ့ရသွားသည့်တိုင် အခေါ်အပြောမပျက်ကြ။ အမြဲတတွဲတွဲ။

ကိုရဲဦးဆောင်မှုဖြင့်လူမှုရေးလုပ်ငန်းစဉ်တချို့တွင်စေတနာ့ဝန်ထမ်းအဖြစ်လိုက်ပါလုပ်ဆောင်ကြရင်း ဒီတစ်ခါတော့ ချစ်သူများနေ့အထိမ်းအမှတ်ပွဲလေးတစ်ခုစီစဉ်ဖြစ်ကြသည်။ ဖျော်ဖြေရေးအတွက် Music မေဂျာက ဆလိုင်းထန်တို့ကတာဝန်ယူသည်။ ပွဲအပြင်အဆင်နှင့် လက်ကမ်းစာစောင်များအတွက် Literature မေဂျာနှင့် Social Science မေဂျာတို့ကပူးပေါင်းစီစဉ်ပြီး Logistic ကိစ္စအဝဝကိုအတွက်အချက်ပိုင်သော သီရိတို့ကအားဖြည့်သည်။

သူ့လူ (သူ႕လူ)Donde viven las historias. Descúbrelo ahora