အပိုင်း (၄)

8.5K 1.2K 121
                                    


(Unicode)

နေ့လည်စာစားပြီးတော့

"ဦးညို...သူ့ကိုအခန်းကိုတစ်ချက်လောက်ပြန်လိုက်ပို့ပေးပါ။ ကျွန်တော်သွားစရာလေးရှိလို့..."

"အပြန်ရော မောင်ကြီးစိုး"

"ရတယ်...ကျွန်တော့်ဘာသာပြန်လာလိုက်မယ်။ လူလူလိုက်သွားလိုက်နော်။ ရော့ ဒီဟာတွေယူသွား"

ပြောရင်းလက်ထဲက ကျူရှင်တက်ဖို့လိုအပ်သည်များနှင့် ဆင်တူနာရီဘူးနှစ်လုံးကိုပေးလာခဲ့ပေမယ့် ပန်းဆီရင့်ရောင်နာရီလေးကိုကိုင်ထားပုံထောက်ရင် ဘယ်ကိုသွားမှာလဲမေးစရာမလိုတော့...။

ဦးညိုကလိုက်ပို့ပေးပြီးပြန်သွားတော့ တစ်ယောက်တည်းလေးတိလေးကန်ခြေလှမ်းတွေနှင့် လျှောက်လာခဲ့သည်။ အခန်းရှေ့ရောက်မှ အခန်း password မမေးလိုက်မိသည်ကိုသတိရသည်။

"ဟဲလို..."

နှောင်းခေတ်ဖုန်းကိုနားမှပြန်ခွာလိုက်ရင်း နံပါတ်ကိုပြန်စစ်ကြည့်မိသည်။ တစ်ရေးနိုးထမေးလျှင်တောင်၊ အတိတ်မေ့သွားလျှင်တောင် မှတ်မိနေဦးမည့်နံပါတ်ဖြစ်သော်လည်း မမျှော်လင့်ထားသောဖုန်းဖြေသူအသံကြောင့်...။

"ဟဲလို...ဒါ...ကြီးစိုးသူဖုန်းမဟုတ်ဘူးလား..."

"ဟုတ်ပါတယ်။ အခုပြောနေတာဘယ်သူလဲ..."

နှောင်းခေတ် ထောင်းခနဲဒေါသထွက်သွားသည်။ သူကနှောင်းခေတ်ဖုန်းနံပါတ်ကိုမှတ်ထားသည်ဆိုလျှင် ထိုမိန်းကလေးက သူဘယ်သူလဲမေးစရာလိုမည်မဟုတ်။ အခုမေးလာသည်ဆိုတော့ သူ့အတွက်နှောင်းခေတ်ဖုန်းနံပါတ်က contact ထဲထည့်ထားရလောက်သည်အထိ အရေးမပါသည့်သဘောလား။

*တောက်*
ဒေါသတို့ကိုအသံတိတ်ဖောက်ခွဲရင်း အသံကိုအတတ်နိုင်ဆုံးတည်ငြိမ်အောင်ကြိုးစားရင်း...

"ကျွန်တော် ကြီးစိုးသူရဲ့အသိအစ်ကိုပါ။ သူနဲ့အရေးကြီးကိစ္စပြောစရာလေးရှိလို့သူ့ကိုဖုန်းပေးပေးလို့ရမလား..."

သူမကြိုက်မှန်းသိ၍တမင်အစ်ကိုလို့သုံးလိုက်သည်။

"ဘယ်လို!"

အလိုလိုမှ အူအတက်လောက်မရှည်ချင်တော့သောစိတ်သည် ငုတ်စိလေးတောင်မကျန်ချင်တော့....။

သူ့လူ (သူ႕လူ)Donde viven las historias. Descúbrelo ahora