အပိုင်း (၁၄)

6.8K 1K 90
                                    


(Unicode)

မနေ့က လူနမူနာလေးကိုဆွဲခေါ်သွားသည့် ကြီးစိုးသူ၏အမူအရာကြောင့် တက်ထွဋ်မထိန်းချုပ်နိုင်စွာ တင့်တယ်ကိုပင် ထုတ်မေးမိသည်။

*ငယ်ငယ်တည်းက ငယ်နိုင်ဆိုပါလား။ သူ့အိမ်မှာနေနေတော့ မင်းကိုပိုအနိုင်ကျင့်နေတော့မှာပဲ*

တွေးနေရင်းမှ မနေ့ကကောက်ကာငင်ကာ
စစ်ပြေ ြငိမ်းသွားသောပုံလေးကိုမြင်ယောင်မိတော့ နှုတ်ခမ်းတို့ကမခိုင်းစေဘဲ ပြုံးမိပြန်သည်။ စိတ်လွတ်လက်လွတ်ပြုံးမိပြီးမှ စားပွဲပေါ်တွင်တင်ထားသော မှန်ဘောင်ထဲကဓာတ်ပုံလေးကိုကြည့်မိပြီး အပြုံးတို့လွင့်ပြယ်ကုန်ရတော့သည်။

------------------------------------------------------------

မနက်စာပင်အတူမစားဘဲ မနက်အစောကြီးတည်းကအပြင်ထွက်သွားသူကြောင့် နှောင်းခေတ်မှာစိတ်ပဲပူရမလို၊ စိတ်ပဲတိုရမလို...။

မလွှဲမရှောင်သာသည့်ကိစ္စကလွဲ၍ ထမင်းစားချိန်တိုင်း မိသားစုစုံနေရမည်ဟူသော ဦးသီ၏စကားကြောင့် မနက်စာထမင်းဝိုင်းတွင် လစ်လပ်နေသောနှောင်းခေတ်ဘေးကခုံလေးကိုကြည့်ပြီး သက်ပြင်းခိုးရှိုက်မိသည်။ နန်းကြီးသုပ်ကိုစားရင်း ဦးသီကိုမသိမသာအကဲခတ်ကြည့်တော့ တီမာနှင့်အေးအေးဆေးဆေးပင် စကားပြောနေပြီး စိတ်တိုနေသည့်ပုံမမြင်။ သူတော့ ဘယ်လိုအကွက်တွေရွှေ့သွားပြန်ပြီလဲမသိဘူး။ ဒါနဲ့ တစ်ပတ်မှာကျူရှင်က (၄) ရက်တက်ရသည်။ ထိုလေးရက်လုံးတပူးတွဲတွဲလုပ်နေရသည်က မလုံလောက်၍လားမသိ၊ ကြားထဲကပိတ်ရက်များတွင်ပါ သွားတွေ့သည်ဆိုတော့ တဆိတ်တော့လွန်ပြီထင်သည်။

"ဘာတွေများ အဲ့လောက်ပြောစရာတွေ မကုန်နိုင်အောင်ရှိနေလဲမသိဘူး"

နှောင်းခေတ် သတိလက်လွတ်ဖြစ်ကာ နှုတ်ကရေရွတ်မိတော့

"ဟင်...သားခေတ်...ဦးသီတို့ကိုပြောတာလား"

ထိုအခါမှ...

"ဗျာ....မဟုတ်ပါဘူး ဦးသီ။ ဒီတိုင်း သူငယ်ချင်းတစ်ယောက်က စကားတအားများလို့၊ အဲ့ဒါ တွေးမိသွားပြီး လွှတ်ခနဲထွက်မိသွားတာ...ဟီး"

မနည်းဖုံးဖိပြောလိုက်ရသည်။ ဦးသီကပြုံးရင်း...

"မမိုးကသားကို ထမင်းစားရင်း စကားမပြောရဘူးလို့မှာထားတယ်ဆိုတာ ဦးသီတို့သိပါတယ်။ ဦးသီတို့လည်းအရင်ကအဲ့လိုပါပဲ။ ထမင်းစားရင်း စကားပြောတာမြန်မာ့ယဉ်ကျေးမှုအရဆိုရင်ရိုင်းတာမှန်ပေမယ့် ဒီဘက်ခေတ်ရဲ့အခြေအနေမှာကျ ကိုယ်စီကိုယ်စီအလုပ်များနေကြတော့ မိသားစုကိုအချိန်အပြည့်အဝမပေးနိုင်ကြတော့ဘူးလေ...။ အဲ့တော့ အခုလို မနက်စာစားချိန်လိုမျိုး၊ ညစာစားချိန်လိုမျိုးမှာပဲ မိသားစုအားလုံးစုံပြီး တစ်နေ့တာအဖြစ်အပျက်လေးတွေကို ပြန်ဝေမျှခွင့်ရှိကြတာ..."

သူ့လူ (သူ႕လူ)Donde viven las historias. Descúbrelo ahora