အပိုင်း (၁၇)

6.3K 970 145
                                    


(Unicode)

"ငါသိတ့ဲလူလူက သေသွားခ့ဲပြီ....ငါသိတ့ဲလူလူက သေသွားခ့ဲပြီ....ငါသိတ့ဲလူလူက သေသွားခ့ဲပြီ...."

"ကြီးစိုး!!!"

လန့်နိုးသည်နှင့်တစ်ပြိုင်နက် ရင်တစ်ခုလုံးသည်လှိုက်ဖိုမြည်ဟီးကာ လူတစ်ကိုယ်လုံးလည်းချွေးတွေရွှဲနစ်နေခဲ့သည်။

*အိပ်ရာနိုးတာနဲ့ တပ်ဆုတ်သွားရတဲ့ အိမ်မက်ဆိုးတစ်ခုသက်သက်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ*

နွမ်းလျနေသောခန္ဓာကိုယ်နှင့် ကျိန်းစက်နေသောမျက်လုံးတို့က တစ်ညတည်းနှင့် ရုတ်ချည်းပြောင်းလဲခဲ့သော အနေအထားတစ်ခုကြောင့် ညလုံးပေါက်အသံတိတ်ငိုခဲ့ရသည့်အဖြစ်ကို ပြန်ပြောင်းပြောပြနေသည်။ နှောင်းခေတ်ပြန်အိပ်လို့မရတော့...။

ရုတ်တရက်ထမြည်သောနှိုးစက်သည် အတွေးထဲနစ်မျောနာကျင်နေခြင်းမှလှုပ်နှိုးပြီး ပစ္စပ္ပုန်ကိုရောက်ရှိနားလည်စေသည်။ နှိုးစက်ကိုပိတ်ပြီးသည်နှင့်ရေမိုးချိုးကာ ရှပ်အင်္ကျီလက်ရှည်အဖြူနှင့် နက်ပြာရောင်အကွက်စိတ်ပုဆိုးကိုတွဲဖက်ဝတ်ဆင်လိုက်သည်။ ထို့နောက်မှန်ရှေ့တွင်ရပ်ရင်း ကိုယ့်ကိုယ်ကိုအားပေးမိသည်။

အခန်းတံခါးကိုအဖွင့် မျက်နှာချင်းဆိုင်အခန်းတံခါးလည်း ပွင့်လာခဲ့သည်။ ရှပ်အင်္ကျီအနက်ရောင်ကို နီညိုရောင်ပြေးသောပုဆိုးအကွက်နှင့် တွဲဖက်ဝတ်ဆင်ထားသူကို နှောင်းခေတ်တအံ့တသြကြည့်မိသည်။ နှစ်တိုင်းမွေးနေ့ဆိုလျှင် အင်္ကျီအဖြူသာဝတ်ဆင်ခဲ့သူမို့ သူယခုလိုဝတ်ဆင်ထားခြင်းကို နားမလည်နိုင်ခဲ့။ သူကတော့သူစိမ်းဆန်သောအကြည့်များနှင့်ကြည့်ကာ

"လူကြီးတွေမရိပ်မိစေနဲ့"

တစ်လုံးချင်းအေးစက်စွာပြောရင်း နှောင်းခေတ်အရှေ့ကဦးစွာ ထွက်ခွာသွားတော့သည်။

*Happy Birthday*

ညကမထင်မှတ်ထားသောအခြေအနေကြောင့် မွေးနေ့ဆုတောင်းမပေးလိုက်ရသော်လည်း ဘာပဲဖြစ်ဖြစ် သူနှင့်အတူဘုရားတက်ခွင့်ရနေသေး၍ နှောင်းခေတ်ပျော်မိပါသည်။

သူ့လူ (သူ႕လူ)Where stories live. Discover now