အပိုင်း (၉)

7.7K 1.1K 85
                                    


(Unicode)

"လူလူ"

မှန်ရှေ့မှာ နက်ခ်တိုင်ကိုတည့်တည့်ဖြစ်ရန် နေရာချနေစဉ် ဘေးကနေပြောလာသောသူ့ကိုလှည့်ကြည့်မိသည်။ (၁၂) နှစ်တာကာလပတ်လုံး သူ့ဆီကမမြင်ခဲ့ဖူးသည့်အကြည့်မျိုး...၊ ပြီးတော့... မကြားခဲ့ဖူးသည့် လေသံ...၊ အလွန်နူးညံ့လွန်းနေသည်။

"မွှေးချင်တယ်"

နှောင်းခေတ် ရုတ်တရက်တံတွေးမြိုချမိသည်အထိ.....။

တစ်နေ့ကိုရေနှစ်ကြိမ်ချိုးသည့်အကျင့်ကို အမေကြီးကငယ်ငယ်တည်းက အလေ့အကျင့်လုပ်ပေးခဲ့သည်။ အလွန်အေးသည့်ဆောင်းရက်တချို့တွင် ရေချိုးခန်းထဲတွင်ရေချိုးသည်ကလွဲ၍ ကျန်အချိန်များတွင် ခြံထဲကရေကန်တွင်သာရေချိုးလေ့ရှိသည်။ မနက်ကိုအိပ်ရာစောစောမထတတ်သူမို့ မနက်ခင်းရေချိုးချိန်များတွင်တော့ မရှိတတ်သော်လည်း နှောင်းခေတ်ရေချိုးအဝတ်အစားလဲပြီးလို့ သနပ်ခါးကျောက်ပျဉ်ရှေ့ထိုင်ချိန်ဆို သူရောက်လာမြဲ.....။

ငယ်ငယ်ကတော့ အမေကြီးက ခြေဆုံးခေါင်းဆုံးသနပ်ခါးတွေဖွေးနေအောင် လိမ်းပေးခဲ့သည်။ ယုန်ခေါင်းပုံပါးကွက်လေးခြောက်သွားချိန်တိုင်း
"မွှေးကြူ" ဆိုပြီး အမေကြီးက ပါးနှစ်ဖက်ကိုမွှေးတတ်သည်။ ဘေးတွင်တစ်လျှောက်လုံး ခေါင်းအုံးကြီးဖက်ကာ အိပ်မှုန်စုံမွှားနှင့်ထိုင်နေတတ်သောသူက အမေကြီးကိုအတုခိုးကာ "လူလူ...မွှေးကြူ" ဆိုပြီး နှောင်းခေတ်ပါးနှစ်ဖက်တွင် သူ့နှာခေါင်းတစ်ခုလုံးနစ်ဝင်သွားသည်အထိလာမွှေးလျှင် အမေကြီးကပါသဘောတကျပြုံးလေ့ရှိသည်။

နှစ်တန်းနှစ် နှစ်လယ်လောက်ကစ၍ နှောင်းခေတ်ကိုယ့်ဘာသာ သနပ်ခါးလိမ်းပြန်တော့လည်း အမေကြီးကတစ်ခါတစ်လေ ဟင်းချက်နေရင်းက လာမွှေးတတ်သည်။ သူကတော့သနပ်ခါးခြောက်သည်နှင့် အမေကြီးထက်ပင် ဦးအောင်မွှေးတတ်သည်။ တစ်ခါတလေ သူစိတ်ကောင်းဝင်သည့်အချိန်များနှင့် ပါးကွက်ပျက်သည်အထိမွှေး၍ နှောင်းခေတ်စိတ်ဆိုးသည့်အချိန်များတွင်တော့ သူစိတ်လိုလက်ရ သနပ်ခါးပြန်သွေးပေးတတ်သည်။

"ဘာလို့ အဲ့လောက်ကြီးမွှေးတာလဲ။ ဒီမှာသနပ်ခါးတွေပျက်ကုန်ပြီ"

သူ့လူ (သူ႕လူ)Where stories live. Discover now