အပိုင်း (၁၅)

7.3K 999 89
                                    


(Unicode)

နှောင်းခေတ်တို့ခြံထဲရှိ လက်နှိပ်တွင်းလေးတွင်အုပ်ထားသောမိုးကာစသည် ရေကန်ထဲသို့သစ်ရွက်များ၊ ပိုးကောင်များမဝင်အောင် ကာကွယ်ပေးသည်။ မနက်ကမှမိုးကာစနေရာတွင် ဝါးကပ်ဖြင့်ပြောင်းအုပ်သဖြင့် ထိုမိုးကာစကိုဘိုးဘိုးဆီကတောင်းပြီး ရန်နိုင်နှင့်အတူခြံနောက်ဘက်တွင် အိမ်သေးသေးလေးဆောက်ဖြစ်သည်။ အလျား (၆) တောင်၊ အနံ (၂)တောင်ခန့်သာရှိသော အုတ်ကန်လေးမို့ ဝါးကပ်ရက်ရာတွင်မခက်ခဲသော်လည်း ရန်နိုင်ကဘိုးဘိုးကိုကူရန်ဆိုကာ မနက်တည်းကအိမ်ကိုရောက်နေသည်။ သူကတော့ပြီးခဲ့သည့်ရက်ပိုင်းကမှ အသစ်ကြပ်ချွတ်ရည်းစားနှင့်သွားတွေ့နေ၍ သနပ်ခါးလိမ်းချိန်ကိုတောင်ရောက်မလာခဲ့.....။

သူရှိလျှင်လည်း ကူဖော်မရလောင်ဖက်ပင်ဖြစ်ဦးမည်။ ဘိုးဘိုးကိုကူညီမည်အကြောင်းပြကာ နှောင်းခေတ်ကိုစမည်။ ရန်နိုင့်ကိုအနိုင်ကျင့်မည်။ ဒါပင်သူ့အလုပ်။ တကယ့်တကယ်ကျ အလုပ်မှန်သမျှရန်နိုင်ပဲ သိမ်းကြုံးကူရသည်။ သူကတော့ကူဖို့မပြောနှင့်၊ သူငယ်ချင်းအချင်းချင်း ဒိုးဇက်ကစားကြလျှင်တောင် တစ်ပွဲပြီးတိုင်း ဒိုးဇက်ပြားများကိုပြန်မှောက်ဖို့ကိုပင် ပျင်းသူဖြစ်သည်။ နှောင်းခေတ်သူနှင့်ပတ်သက်၍ မကြိုက်သောအချက်များတွင် ထိုအချက်ကထိပ်ဆုံးကပါသည်။ ရှုံးသူမှောက်ကြေးကစားကြလျှင်တောင် သူများအလှည့်ကျအမေကြီး၏ ဝါးယပ်တောင်ကြီးကိုတဖျပ်ဖျပ်ခတ်ကာ မသိချင်ယောင်ဆောင်တတ်ပြီး၊ သူမှောက်ရမည့်အလှည့်များဆို ကစားနေတာကိုရပ်ပစ်တတ်သည်။ ထို့ကြောင့် နှောင်းခေတ်သူနှင့်ဆိုလျှင် ဒိုးဇက်အတူမဆော့ချင်ပါ။

ရန်နိုင်နှင့်ကျကွာသည်။ သူနိုင်လျှင်တောင် ဒိုးဇက်ပြားများကို ကူမှောက်ပေးတတ်သည်။ ထို့ပြင် နဖူးတောက်ကြေးဆော့လျှင်တောင် တောက်သည်ဆိုရုံဖွဖွလေးတောက်သည်။ သူကတော့.....။

နဖူးတောက်သည်ကိုကြောက်သောနှောင်းခေတ်ကြောင့် နဖူးတောက်မည့်အစားဆိုပြီး လက်ကို လက်ညိုးလက်ခလယ်နှစ်ချောင်းနှင့်အားသုံးကာရိုက်သည်။ သူရိုက်ပြီးလို့ကြည့်လိုက်လျှင် နှောင်းခေတ်လက်ဖြူဖြူတွင် လက်နှစ်ချောင်းရာကအထင်းသား.....။

သူ့လူ (သူ႕လူ)Donde viven las historias. Descúbrelo ahora