အပိုင်း (၃)

9.1K 1.2K 56
                                    


(Unicode)

"ရောက်လာပြီးမှ ဘာလို့ပြန်လှည့်ထွက်သွားတာလဲ"

အနားရောက်လာပြီးသူကမေးတော့ သိတတ်လွန်းသောဦးနှောက်သည် တာဝန်ကျေပွန်စွာ ဆင်ခြေတစ်ခုကိုချက်ချင်းထုတ်ပေးလေသည်။

"အနွေးထည်ယူဖို့မေ့ခဲ့လို့"

အဲယားကွန်းဒဏ်မခံနိုင်သူမို့ ညကတစ်ညလုံးကားပေါ်တွင် ခေါင်းစွပ်အင်္ကျီအပါးလေးဖြင့်နေခဲ့မိခြင်း၏နောက်ဆက်တွဲအနေဖြင့် ဖျားချင်သလိုလိုဖြစ်နေသည်ကို ကျေးဇူးတင်မိသည်။
နှောင်းခေတ်ပြောပြီးလှည့်ထွက်တော့ သူကနှောင်းခေတ်ညာဘက်လက်ကို ဖမ်းဆွဲရင်း ကျန်လက်တစ်ဖက်က နှောင်းခေတ်နဖူးပေါ်ရောက်လာသည်။ သူ့လက်ဖဝါးနုနုနှင့်ထိတွေ့ချိန်ခဏလေးတွင်ပင် စိတ်ဆိုးချင်သလိုလိုဖြစ်နေသောစိတ်တို့သည် စိုးစဉ်းမျှမရှိတော့။

"ကိုယ်တော့မပူပါဘူး"

"အင်း"

ပြောပြီးလှည့်ထွက်လိုက်သောနှောင်းခေတ်ရှေ့ သူကပိတ်ရပ်လိုက်သဖြင့် သူ့ရင်ဘတ်ညာဘက်တစ်နေရာထဲ နှောင်းခေတ်နှာခေါင်းလုံးလုံးလေးခေတ္တနားခိုခွင့်ရလိုက်သည်။

*မွှေးတယ်...။ ငယ်ငယ်ကညဘက်ဆိုတီဗွီကြည့်ပြီးအိပ်ပျော်သွားတတ်သည့်နှောင်းခေတ်ကို သူအိပ်ရာပေါ်ကိုပွေ့ချီပြီးခေါ်သွားတိုင်း သူ့ရင်ခွင်ထဲမှာအနမ်းသူခိုးလုပ်ပြီး ရင်ခုန်ခဲ့ရတဲ့ သူ့ကိုယ်သင်းနံ့...။ မနက်က သူပွေ့ချီတုန်းကတစ်ခါ...အခုတစ်ခါ...*

အခုလည်းတဒင်္ဂအချိန်လေးအတွင်း သူ့ကိုယ်သင်းနံ့ကလေးကို မက်မက်မောမောရှိုက်နမ်းမိပြန်သည်။

"ငါနဲ့စကားပြောရင် ငါ့ကိုကြည့်မှကြိုက်တယ်လို့ ပြောဖူးတယ်လေ"

*သိပ်မှတ်မိတာပေါ့...သူပထမဆုံးအကြိမ်အဲ့စကားကိုပြောခဲ့တဲ့နေ့ကို...*
သူ...ကောင်မလေးတစ်ယောက်နဲ့ချစ်သူစဖြစ်သောနေ့...

ဆစ်ခနဲဖြစ်သွားသောရင်ဘတ်ကြောင့် သက်ပြင်းတစ်ခုခိုးရှူရင်းသူ့ကိုကြည့်လိုက်သည်။ သူ့ကိုယ်သင်းနံ့ ကပ်ပါလာသောသက်ပြင်းသည်ပင် နှောင်းခေတ်အတွက်စွဲမက်ဖွယ်...။

သူ့လူ (သူ႕လူ)Donde viven las historias. Descúbrelo ahora