အပိုင်း (၂၀)

6.9K 1K 76
                                    


(Unicode)

"အစ်ကိုဒီနေ့ဘာအစီအစဉ်တွေရှိလဲ"

"Tender ခေါ်မယ့်ကိစ္စအတွက် နေ့လယ်ကျရင် ကိုစိုးတင့်နဲ့တွေ့ဖို့ရှိတယ်။ ဘာဖြစ်လို့လဲ..."

"မာက ဒီနေ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရဲ့သားမွေးနေ့ဖိတ်ထားတာရှိလို့ သွားရမှာ...။ အဲ့ဒါ အစ်ကိုအားတယ်ဆိုရင် အတူသွားမလို့"

"ဒီနေ့တော့မဖြစ်ဘူး...မာ။ ဒီတစ်ခေါက်ပရောဂျက်ကနည်းနည်း Constraint များလို့ ကိုယ်တို့ဘက်က Scope ကိုနည်းနည်းပြန်ပြင်မှဖြစ်မှာ...။ မာမာအဖော်မရှိရင် သားတို့ကိုခေါ်သွားပါလား"

ဦးသီစကားဆုံးတော့ သူကပေါက်စီကိုကိုက်ရင်း ပလုတ်ပလောင်းသံဖြင့်

"Noနော်မေမေ...၊ ရှားရှားပါးပါးကျောင်းပိတ်ရက်လေးမလို့ အဝအိပ်မယ်စိတ်ကူးထားတာ...။ အခုစားပြီးတာနဲ့ပြန်အိပ်မှာ...။ မေမေခေါ်ချင်တခြားသူခေါ်သွား"

ပြောပြီး ပေါက်စီကိုပါးစပ်ထဲအကုန်ထိုးထည့်ကာ ကော်ဖီခွက်ကိုင်ရင်းထွက်သွားသူကို မြင်ကွင်းထဲကပျောက်သွားသည်အထိ ေနှာင်းေခတ်လိုက်ကြည့်မိသည်။

"ဒါဆို သားခေတ်ပဲကျန်တော့တယ်...။ လိုက်မယ်မလားသား...။ သားဒီနေ့ဘာလုပ်စရာရှိသေးလဲ"

"သားအားပါတယ် တီမာ...။ သားလိုက်ခဲ့ပါ့မယ်"

ဒီနေ့အာဇာနည်နေ့မို့ ကျောင်းရော၊ ကျူရှင်ရောပိတ်သည့်အပြင် ကျောင်းစာမေးပွဲကလည်း မနေ့ကမှပြီးထားသည်မို့ သူ့အကျင့်အတိုင်းထမင်းစားချိန်မှလွဲ၍ အိပ်ရန်စီစဉ်ထားပုံရသည်။ အစားကိုတောင် ပြီးတဲ့ထိထိုင်မစားဘဲ ရှောင်ထွက်သွားပုံကြည့်ရင်း

*ဒီနေ့ရော သူဟိုတစ်ယောက်နဲ့သွားမတွေ့ဘူးလား။ ပါးကဒဏ်ရာကြောင့်များ အပြင်မထွက်တာလား*

သူ့ပါးကဒဏ်ရာဆိုမှ၊ ခုနတုန်းက သူ့ပါးမှာပလာစတာသေးသေးလေးကပ်ထားတာတွေ့လို့ ဦးသီမေးတော့ သူပြန်ဖြေတာလေးပြန်ကြားယောင်မိပြီး ေနှာင်းေခတ်ပြုံးရသေးသည်။

"ကြောင်ကုတ်သွားလို့ဖေဖေ" တဲ့လေ...။

------------------------------------------------------------

သူ့လူ (သူ႕လူ)Donde viven las historias. Descúbrelo ahora