အပိုင်း (၃၂)

6.5K 895 31
                                    


(Unicode)

ကျောင်းဆင်းခါနီးမို့ထင်သည်။ မိုးသားတွေကမဖိတ်ခေါ်ပါဘဲ တလိပ်လိပ်ညို့၍တက်လာသည်။ ကျောင်းဆင်းချိန်တက်ချိန်တိုင်းမှာလိုလို၊ အချိန်မှန်ရွာတတ်လွန်းသူကြီးပါလေ။

"သက်နိုင်အောင်...၊ ဖူးပွင့်သွယ်...၊ ခင်ငြိမ်းချမ်း...၊ မြင့်မြတ်သူ..."

တိတ်ဆိတ်နေသောစာသင်ခန်းထဲတွင်ဆရာမ၏နာမည်ခေါ်သံနှင့် အမည်ခေါ်ခံရသူတို့၏ခြေသံတစ်စွန်းတစ်စသည် စည်းချက်တစ်ခုနှယ်ပျံ့လွင့်လို့နေသည်။

"စအောင်ခန့်ကျော်"

လက်နှစ်ဖက်ကိုဆုပ်ကိုင်ထားရာက ပိုမိုတင်းကျပ်အောင်ဖျစ်ညှစ်ရင်း ဆရာမဆီသို့လျှောက်သွားလိုက်သည်။ ဆရာမလက်ထဲက Report Card ဆီသို့လက်လှမ်းလိုက်စဉ်

"အမှတ်တွေကျတယ်နော်...။ အဆင့်တွေကျသွားလိုက်တာ Top (5) ထဲတောင်မဝင်ဘူး..."

ဆရာမ၏ဆူခြင်းမမည်သောစကားအဆုံး ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးဆုတ်သွားသလိုခံစားလိုက်ရသည်။ လည်ချောင်းထဲတွင် ခြောက်ကပ်ကာ ရေဆာသလိုလို၊ အန်ချင်သလိုလိုခံစားချက်ကြီးကဆိုးရွားလွန်းသည်။ နေရာကိုပြန်ရောက်၍ကြည့်လိုက်တော့ ပြီးခဲ့တဲ့လကထက် အမှတ်စုစုပေါင်းတွင် (၁၂) မှတ်တောင်လျော့နေသည်။ လေဟာနယ်ထဲရောက်သွားသလိုခံစားချက်ကြီးကြောင့် ပြတင်းပေါက်ကတစ်ဆင့် ငေးကြည့်နေလိုက်မိသည်။

ကိုးတန်းသည်ပင်မဆောင်၏ အပေါ်ဘက်ခြမ်းတွင်ရှိသည်မို့ ပြတင်းပေါက်ကလှမ်းကြည့်လျှင် ခြံစည်းရိုးအပြင်ကိုလှမ်းမြင်ရသည်။ မြို့၏ထိပ်ထိပ်ကြဲစာရင်းဝင်သားသမီးများရှိရာကျောင်းဟုမပြောရ၊ ကျောင်းဆင်းချိန်နီးပြီမို့ လာကြိုကြသော နောက်ဆုံးပေါ်ဇိမ်ခံကားအသီးသီးက ကျောင်းရှေ့မျက်နှာစာတွင်အစီအရီရပ်ထားကြပုံက ဘုန်းတော်ကြီးကျောင်းတွင်သံဃာတို့ဖိနပ်ချွတ်ထားကြသကဲ့သို့။

ပြောမည့်သာပြောရသည်။ အမှန်ဆိုထိုကားတို့သည် ကျောင်းပို့ချိန်တည်းက ကျောင်းဆင်းချိန်ထိတောက်လျှောက်ရှိနေကြသည်ဆိုပိုမှန်မည်။ အများအားဖြင့် လုပ်ငန်းရှင်များ၊ အစိုးရဌာန၏ရာထူးကြီးပိုင်းများ၏သားသမီးများတက်သည့်ကျောင်းမို့ မနက်ကျောင်းလာပို့စဉ်တည်းက ကျောင်းလိုက်ပို့သည့်မိခင်များသည် ယာယီအိမ်တစ်ဖြစ်လည်း၊ ထိုကားများပေါ်တွင်သာအချိန်ကုန်တတ်ကြသည်။ တစ်ခါတလေ အသိများဖြင့်ဆုံကြလျှင်တော့ ဘယ်ကျူရှင်ကောင်းတယ်၊ ဘယ်ဆရာကောင်းတယ် စသဖြင့်စုံစမ်းကြ၊ ဝေမျှကြသည်။

သူ့လူ (သူ႕လူ)Donde viven las historias. Descúbrelo ahora