အပိုင်း (၅)

8.2K 1.2K 80
                                    


(Unicode)

နှိုးစက်သံကြောင့်နာရီကိုကြည့်မိတော့ နံနက်(၅)နာရီခွဲနေပြီ။ နှောင်းခေတ်အိပ်ရာမှလူးလဲထပြီး ရေမိုးချိုးပြင်ဆင်ကာအခန်းထဲက ထွက်လာခဲ့လိုက်သည်။ ဒီနေ့ကျူရှင်ပထမဆုံးတက်ရမယ့်နေ့မဟုတ်လား...။

ကြီးစိုးကိုနှိုးရန်ထွက်လာခဲ့ပြီးမှ မီးဖိုခန်း ထဲကအသံများကြားလို့သွားကြည့်လိုက်တော့

"သြော်...အစ်ကိုလေးကနိုးတောင်လာပြီလား။အရီးနုကဒီဟင်းအိုးကျမှလာနှိုးမလို့လုပ်နေတာ"

အငွေ့တထောင်းထောင်းထနေသော အစိမ်းကြော်အိုးကိုမွှေနေရင်းကပြောလာသည့် အသားဖြူဖြူနှင့်ခပ်ဝဝအဒေါ်ကြီးကို နှောင်းခေတ်ကြောင်ပြီးကြည့်နေမိသည်။

"အရီးက ကျွန်တော့်ကိုသိလို့လား။ ဒါနဲ့အရီးက..."

"အစ်ကိုလေးနှောင်းခေတ်မလား။ ကိုကိုကြီးတို့မမကြီးတို့က ခရီးမထွက်ခင်တည်းကအစ်ကိုလေးကိုဂရုစိုက်ဖို့ သေချာမှာသွားတာ။ အရီးကဒီတစ်အိမ်လုံးရဲ့အချက်အပြုတ် အလျှော်အဖွတ် သန့်ရှင်းရေးအားလုံးတာဝန်ယူထားတယ်လေ"

"သြော်...ဒါပေမယ့် မနေ့ကအရီးကို ကျွန်တော် မတွေ့မိဘူး"

"အရီးက မနက်(၆)နာရီကနေညနေ(၆)နာရီထိပဲအလုပ်ချိန်။ ပုံမှန်ဆိုရင်တော့ကိုကိုကြီးတို့ညနေစာတွေဘာတွေစားသောက်ပြီးမှ အရီးပြန်တာ။ မနေ့ကကျ ကိုကိုလေးက မလာနဲ့တော့ဆိုလို့..."

ဘာလို့မလာခိုင်းလဲဆိုတာ နှောင်းခေတ်မေးစရာမလိုတော့။

"အစ်ကိုလေးမနက်စာ စားတော့မလား။ အရီးနုပြင်လိုက်မယ်"

"ရတယ်အရီး...ကျွန်တော်ကြီးစိုးကိုသွားနှိုးလိုက်ဦးမယ်။ သူနဲ့မှတစ်ခါတည်းစားလိုက်မယ်"

"နိုးပြီ"

အသံကြားလို့လှည့်ကြည့်တော့ နိုးပြီသာဆိုတယ် မျက်လုံးတွေကမှိတ်ထားဆဲ။ ထမင်းစားပွဲဝိုင်းကထိုင်ခုံမှာဝင်ထိုင်ရင်း ထိုင်ခုံလက်ရန်းပေါ်လက်ထောက်မေးတင်ကာ သမ်းကသမ်းလိုက်သေးသည်။

"အလိုလေး ကျားသားမိုးကြိုး။ ကိုကိုလေးကအစောကြီး နိုးလို့ပါလား။ ဒီမှာအစ်ကိုလေးနှောင်းခေတ်ကတောင် သွားနှိုးတော့မလို့လုပ်နေတာ"

သူ့လူ (သူ႕လူ)Where stories live. Discover now