အပိုင်း (၂၅)

7.1K 992 82
                                    


(Unicode)

ပတ်ဝန်းကျင်တစ်ခုလုံးအလင်းရောင်ဟူ၍ ကြယ်ရောင်မှိတ်တုတ်မှိတ်တုတ်ကလွဲ၍ ဗလာနတ္ထိ...။ တဖြူးဖြူးတိုက်နေသောလေနှင့်အတူပါလာသောနှင်းဆီရနံ့ကြောင့် အိမ်ရှေ့ဝရံတာတွင်ရောက်နေမှန်း သူအလိုလိုသိလိုက်သည်။

*သူနှင့်အတူပျိုးခဲ့သည့်အပင်ပုလေးဆီကဖြစ်ရမည်*

"ကြာကန်တစ်ကန်မှာ...
ကြာပန်းက တစ်ရက်ကို နှစ်ဆပွင့်တယ်။
ဒီနေ့ တစ်ပွင့်ဆို နောက်နေ့ နှစ်ပွင့်...
နောက်နေ့ဆို လေးပွင့်..."

အသံလာရာကိုကြည့်တော့ ရင်းနှီးနေသောကျောပြင်သေးသေးလေးတစ်ခုကိုမြင်ရသည်။

*သူဘယ်သူလဲ*

"အဲ့လိုနဲ့ ရက်ပေါင်းတစ်ရာ
ပြည့်တဲ့အခါ... ကန်တစ်ကန်လုံး
ကြာပန်းတွေ အပြည့်ပွင့်သွားတယ်ဆိုရင်
ကန်တစ်ဝက်ပြည့်တဲ့နေ့က
ဘယ်နေ့လဲ..."

အားမရစွာအနားကပ်သွားမိတော့ ရင်းနှီးနေသောကိုယ့်ရနံ့ကိုခံစားမိပြန်သည်။ ပြီးတော့ ရင်းနှီးလွန်းသော အနေအထားတစ်ခု.....။

"Hint က?"

*OMG! ငါဘာလုပ်လိုက်တာလဲ...။ ဘယ်သူဘယ်ဝါမှန်းမမေးဘဲ...ဒါမဲ့ ဘာလို့...*

ကျောခိုင်းနေသူဆီက ရယ်သံလွင်လွင်လေးထွက်လာ၍ အတွေးစတို့ပြတ်သွားရသည်။

"မေးလိုက်တဲ့ Hint...ပြီးတော့ကျ ဖြေနိုင်တာလည်းမဟုတ်ဘဲ ထွဋ်ထွဋ်ရယ်..."

*ထွဋ်ထွဋ်?*

"ခန့်! ခန့်မလားဟင်"

"ငါ့ကိုမမေ့သေးဘူးပဲ"

ရယ်သံအဆုံး ကျောပေးရပ်နေရာက တဖြည်းဖြည်းလှည့်လာသည်။

နှာတံထိပ်မှာပေါက်နေတဲ့ မှဲ့သေးသေးလေး...၊
နှုတ်သီးခေါင်းလျှာပါးရန်ပြန်တွေ့တတ်သည့် နှုတ်ခမ်းပါးလေး...၊ ပြီးတော့ ထိုနှုတ်ခမ်းပါးလေးတွင် ဖူးပွင့်သည့်အပြုံးနုနု...။

အရင်အတိုင်းပဲ...။ အားလုံးအရင်အတိုင်းပဲ...။ ဒါပေမဲ့ တစ်ခုခုလွဲမှားနေသလိုခံစားချက်ကြီးက ဘာလဲ?

အဖြေကိုခေါင်းမီးတောက်တမျှဖွေရှာရင်း တဒိန်းဒိန်းအခုန်မြန်နေသော ရင်ကိုသတိချပ်မိသည်။

သူ့လူ (သူ႕လူ)Donde viven las historias. Descúbrelo ahora