ONE

19.3K 774 31
                                    

[UNICODE]

"မြေးငယ်ရေ.. ဒီမှာ ဆရာလေးရောက်နေတယ်"

ဖိုးဖိုးကြီး၏ အော်ခေါ်သံကြောင့်
ကျက်သွားပြီဖြစ်တဲ့ ထမင်းအိုးကို မြေပြင်ပေါ်သို့ ပြောင်းရွှေ့ရင်း မီးသွေးဖိုထဲမှ တောက်လောင်နေဆဲ မီးသွေးတစ်ချို့အား ခုနက ဆန်ဆေးထားသော ရေနှင့်ဖြန်းကာ ငြိမ်းစေလိုက်သည်။

နောက်မြီးတိုနေပီဖြစ်တဲ့ ကွင်းထိုးဖိနပ်ကြမ်းကို ကမန်းကတမ်း ကောက်စွတ်ပြီး အိမ်ရှေ့ကို အပြေးကလေး ထွက်လာတော့ စကားလက်ဆုံကျနေတဲ့ မောင်နဲ့ဖိုးဖိုးကို တွေ့ရ၏။ ဆေးဘူးလိုလို၊ ဘူးကြီးဘူးငယ်တွေ သယ်လာပုံအရ ရွာမြောက်ပိုင်းမှာရှိတဲ့ တိုက်နယ်ဆေးရုံကို လာရင်း ထယ်ယောင်းတို့ဆီ လမ်းကြုံဝင်လာခဲ့သည်လား မပြောတတ်ပါ။

"ထယ်ယောင်း ဒီနားကိုလာလေ ..၊ ဘာရပ်ကြည့်နေတာလဲ "

"ဟုတ်.. ဟို.. "

မောင်က လက်ကိုဆွဲကာ သူ့အနားမှာ ထိုင်ဖို့ပြောနေတာမို့ ရုတ်တရက် ထယ်ယောင်း ဘယ်လိုတုန့်ပြန်ရမှန်းမသိ ဖြစ်သွားရ၏ ။ ဖိုးဖိုးတစ်ယောက်လုံး ရှိနေတာတောင် အတင့်ရဲစွာ ပိုင်စိုးပိုင်နင်း ပြုမူတတ်တဲ့ မောင့်ရဲ့အကျင့်ကို ထယ်ယောင်း သိပ်သဘောမတွေ့လှပါ ။ လူကြီးသူမ တစ်နည်းအားဖြင့် ထယ်ယောင်းရဲ့တစ်ဦးတည်းသော အုပ်ထိန်းသူရှေ့မှာ သိပ်ကိုအရိုအသေတန်လွန်းနေသည် မဟုတ်ပါလား။

"မြေးငယ်..၊ ဖိုးဖိုးဝတ်ပြုတော့မယ်၊ဆရာလေးပြန်ရင် ဘေးအိမ်ကထယ်စောကို အဖော်ခေါ်ပီး ရွာတောင်ပိုင်းထိ လိုက်ပို့ပေးလိုက်ဦး၊ ဟုတ်ပီလား၊ အဲ့ဘက်က လမ်းမီးတိုင်တွေ သိပ်မကောင်းဘူး ကြားတယ်ကွဲ့"

"ဟုတ်ကဲ့ ဖိုးဖိုး"

ဖိုးဖိုး အိမ်ထဲဝင်သွားသည်အထိ ထယ်ယောင်းဂရုတစိုက် လိုက်ကြည့်နေမိ၏ ။ ထယ်ယောင်းတို့နေတဲ့ခြံက ထောင့်မှန်စတုခံပုံ မြေကွက်တစ်ခု ဖြစ်တာကြောင့် အလျားကျဉ်းပီး အနံကျယ်သည်။ တင်းကုတ်ပုံစံအိမ်ငယ်ကို ခြံရဲ့နောက်ဘက်ပိုင်းမှာ ကပ်ဆောက်ထားပြီး မလုံ့တလုံကြမ်းခင်းတွေနှင့် ကျိုးတို့ကျဲတဲ ထရံချပ်များက ထယ်ယောင်းတို့၏ ဆင်းရဲနွမ်းပါးမှုကို သိသာပေါ်လွင်စေ၏။

You Broke Me First [ COMPLETED ]Where stories live. Discover now